မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား မရှိဘူးလို့ အစိုးရက ငြင်းဆို နေတဲ့ အတွက် ယုံကြည်ချက်ကြောင့် အကျဥ်းကျ ခံနေရသူများ ဆိုတဲ့ စကားရပ်ကို သုံးစွဲပြီး ကြာသပတေးနေ့က တင်သွင်းခဲ့တဲ့ အဆိုကို ဒီကနေ့ လွှတ်တော် အစည်းအဝေးမှာ လက်ခံလိုက်ကြောင်း ဦးသိန်းညွန့်က RFA ကိုပြောပါတယ်။ ဒီကနေ့ လွှတ်တော် အစည်းအဝေးမှာ ဦးသိန်းညွန့် တင်သွင်းတဲ့ နိုင်ငံရေး အကျဉ်းသား အရေးနဲ့ ပတ်သက်တဲ့ အဆိုကိုသာ အဓိက ဆွေးနွေးခဲ့ကြကြောင်း အမတ် ၁၅ ဦးက ထောက်ခံ ဆွေးနွေးပြီး လွှတ်တော်က အတည်ပြု လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ထောက်ခံ ဆွေးနွေးတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ထဲမှာ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီက အမတ် ၂ ဦး နဲ့ တိုင်းရင်းသား ပါတီတွေက ကိုယ်စားလှယ်တွေ အပြင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂ ဦးပါ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ဒီကနေ့ လွှတ်တော် အစည်းအဝေးပွဲ အကြောင်း ဦးသိန်းညွှန့်နဲ့ ဆက်သွယ် မေးမြန်းချက် အပြည့်အစုံကို နားဆင်ပါ။
0:00 / 0:00