အွန်လိုင်းမှာပျံ့နေတဲ့ ဦးကိုနီ ကို လုပ်ကြံသူရဲ့ ထွက်ဆိုချက်ကို အတည်မယူဖို့ ရဲချုပ်ပြော

မနေ့ကစပြီး အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ကို သေနတ်နဲ့ လုပ်ကြံတဲ့ ဦးကြည်လင်း ဆိုသူရဲ့ ထွက်ဆို ချက်တွေနဲ့ပတ်သက်ပြီး အတည်မယူဖို့နဲ့ ရဲတပ်ဖွဲ့က အတည်ပြု ထုတ်ပြန်ပေးတာကိုသာ ယုံကြဖို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်း က ပြောပါတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်း ကို ဖေဖော်ဝါရီလ ၁ ရက်နေ့က နေပြည်တော်မှာလုပ်တဲ့ လွှတ်တော်နှစ်ပတ်လည် အခမ်းအနားမှာ တွေ့ရစဉ် Photo: Win Ko Ko Latt/ RFA

မနေ့ကစပြီး အွန်လိုင်းမှာပျံ့နှံ့နေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ကို သေနတ်နဲ့ လုပ်ကြံတဲ့ ဦးကြည်လင်း ဆိုသူ ရဲ့ ထွက်ဆိုချက်တွေနဲ့ပတ်သက်ပြီး အတည်မယူဖို့နဲ့  ရဲတပ်ဖွဲ့က အတည်ပြု ထုတ်ပြန်ပေးတာကိုသာ ယုံကြ ဖို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်းက ပြောပါတယ်။

ဒီနေ့ နေပြည်တော် လွှတ်တော်နှစ်ပတ်လည်အခမ်းအနားကို တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်း က အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ရဲမှတ်တမ်းတွေ နဲ့ပတ်သက်ပြီး သတင်းသမားတွေကို ပြောခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်လေဆိပ်မှာ ရှေ့နေဦးကိုနီကို သေနတ်နဲ့ အနီးကပ်လုပ်ကြံခဲ့တဲ့ ဦးကြည်လင်း ဆိုသူကို ရဲတပ်ဖွဲ့က စစ်ဆေးနေဆဲဖြစ်ပြီး သူ့ရဲ့ထွက်ဆိုချက် ရဲမှတ်တမ်းတွေလည်း အင်တာနက် စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။

အဲဒီလိုပျံ့နှံ့နေတဲ့ ထွက်ဆိုချက်တွေထဲမှာ သူဟာကရင်ပြည်နယ် မြဝတီမြို့ဘက်မှာ ကျင်လည်လုပ်ကိုင်ခဲ့သူဖြစ်ပြီး သူ့ကို စေခိုင်းသူက မြဝတီဖက်က ဦးမြင့်ဆွေ ဆိုသူဖြစ်ကြောင်း ပါရှိတာဖြစ်ပါတယ်။

ဦးကြည်လင်းကို နောက်ကွယ်ကနေ စေခိုင်းတဲ့ ဦးမြင့်ဆွေကို ကရင်ပြည်နယ်မှာ ဖမ်းမိထားပြီ ဆိုတဲ့သတင်းတွေ ဒီကနေ့ထွက်ပေါ်နေပေမယ့် ဖမ်းမိထားတယ် ဆိုတာ မဟုတ်ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီး ကြည်လင်း က ပြောပါတယ်။

''မဟုတ်သေးပါဘူးခင်ဗျာ၊ ရဲလုပ်ငန်းကတော့ ရဲလုပ်နေပါတယ်နော်၊ ဟုတ်ကဲ့ပါ အတည်မပြုသေးပါဘူးနော်''

အခုချိန်ထိတော့ ကြည်လင်းကို နောက်ကွယ်ကနေ ခိုင်းစေတဲ့ မြင့်ဆွေဆိုသူကို ဖမ်းမိတယ် မဖမ်းမိဘူး ဆိုတဲ့ သတင်းတွေကလည်း အမျိုးမျိုးထွက်ပေါ်နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org