မော်လမြိုင်မှာ သတင်းစာရှင်းလင်းပွဲ ဦးဆောင်သူတစ်ဦး ရိုက်နှက်ဖမ်းဆီးခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သိမ်ဇရပ် တိုက်နယ် ဝါးဒက်ကွင်းကျေးရွာက မြေဧက ၁၀၀ နီးပါးမှာ ဝင်ရောက်နေထိုင်ကြသူတွေဟာ ဒီနေ့ မော်လမြိုင်မြို့မှာ သတင်းစာရှင်းလင်းပွဲကျင်းပစဉ် ဦးဆောင်သူတစ်ဦးကို ရဲတပ်ဖဲ့ွက ဖမ်းဆီးသွားပါတယ်။

မွန်ပြည်နယ်ရဲ့မြို့တော် မော်လမြိုင်မြို့ဝင် ဆိုင်းဘုတ်ကို တွေ့ရစဉ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်တိုက်နယ် ဝါးဒက်ကွင်းကျေးရွာက မြေဧက ၁၀၀ နီးပါးမှာ ဝင်ရောက်နေ ထိုင်ကြသူတွေဟာ ဒီနေ့ မော်လမြိုင်မြို့မှာ သတင်းစာရှင်းလင်းပွဲကျင်းပစဉ် ဦးဆောင်သူတစ်ဦးကို ရဲတပ်ဖဲ့ွက ဖမ်းဆီးသွားပါတယ်။

သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် ဦးမောင်ရွှေဆိုသူကို ရိုက်နှက်ဖမ်းဆီးသွားတာဖြစ်ပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ ကျိုက်ထိုမြို့နယ်ရဲစခန်းကို ခေါ်ဆောင်သွားတယ်လို့ အဲဒီ သတင်းစာရှင်းလင်းပွဲမှာ တက်ရောက်ခဲ့တဲ့ ဝါးဒက်ကွင်းကျေးရွာသူ မအညာသူ ကပြောပါတယ်။

"ကျမတို့ကို ညှင်းပမ်းနှိပ်စက်တယ်၊ ရိုက်နှက်ထိုးညပီး လူတွေကို အတင်းဆွဲ ရမ်းရမ်းကားကားလုပ်၊ မိန်းကလေးတွေကိုဆွဲချ၊ အဲ့လိုအမျိုးမျိုး ညှင်းပမ်းနှိပ်စက်တာကို မခံနိုင်လို့ ပြည်သူတွေသိအောင်ဆိုပြီး သတင်းစာရှင်းလင်းပွဲကိုလုပ်တာ ရဲတွေက အကွက်ဆင်ပြီး စနစ်ကျကျနဲ့ ကျမတို့ကို ဆီးဖမ်းတယ်၊ အဲ့သတင်းစာရှင်းလင်းပွဲမှာ ဦးမောင်ရွှေကို လောလောဆယ် ပုဒ်မ ၅ဝ၅(ခ)နဲ့ ဖမ်းသွားတယ်"

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က ကျိုက်ထိုမြို့နယ်မှာရှိတဲ့ အိမ်မဲ့ယာမဲ့တွေကို ဝါးဒက်ကွင်းကျေးရွာက မြေဧက ၁၀၀ နီးပါး မှာ နေထိုင်ဖို့ဆိုပြီး မွန်ပြည်နယ်အစိုးရက နေရာချထားပေးခဲ့ပါတယ်။ အဲဒီမြေနေရာမှာ နေအိမ် ၆၀၀ လောက် ရှိပြီး နေထိုင်ကြသူတွေဟာ မြို့ခံတွေနဲ့ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့ဘက်ကနေ ပြောင်းရွှေ့လာသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလကစပြီး မြို့နယ် ရပ်ကွက် တိုက်နယ် အုပ်ချုပ်ရေးမှူးတွေက မြေကွက်တွေကို ရောင်းချတာတွေ ရှိလာပြီး နေအိမ်တွေကို ရဲတပ်ဖွဲ့ဝင်တွေက ဖျက်ဆီးဖယ်ရှားတာတွေ ခြိမ်းခြောက်တာတွေ ရှိလာတယ်လို့ သတင်းစာရှင်းလင်းပွဲ ဦးဆောင်ကျင်းပသူတွေက ပြောပါတယ်။

အဲဒီလိုဖျက်ဆီးဖယ်ရှားရာမှာ တားမြစ်ခဲ့သူ ၃ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ ဖမ်းဝရမ်း ထုတ်ထားတာဖြစ်ပြီး ဝရမ်းထုတ်ခံထားရသူ ၃ဦးထဲက ဦးမောင်ရွှေဆိုသူကို ဒီနေ့ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ် ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org