လွှွတ်တော်အမတ်တွေ တရုတ်ဘာသာစကား သင်ကြားတော့မယ်

အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့ လွှတ်တော်နှစ်ရပ်စလုံးက ပြည်သူ့ကိုယ်စားလှယ်တွေကို တရုတ်ဘာသာစကား သင်ကြားပို့ချပေးမယ်လို့ လွှတ်တော် အမတ်တယောက်က မနေ့က ပြောကြားလိုက်ပါ တယ်။ မြန်မာနိုင်ငံ တရုတ်သံရုံးနဲ့ မန္တလေးမှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံး အကူအညီနဲ့ သင်ကြားမှာ လို့ ပြောပါတယ်။

ပြည်သူ့လွှတ်တော် အစည်းအဝေး တက်ရောက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့ကို တွေ့ရစဉ် Photo: Myo Thant Khaing/RFA

အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်နှစ်ရပ်စလုံးက ပြည်သူ့ကိုယ်စားလှယ်တွေကို တရုတ်ဘာသာစကား သင်ကြားပို့ချပေးမယ်လို့ လွှတ်တော်အမတ်တယောက်က မနေ့က ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံ တရုတ် သံရုံးနဲ့ မန္တလေးမှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံး  အကူအညီနဲ့ သင်ကြားမှာလို့ ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေသာမကဘဲ လွှတ်တော်ရုံးဝန်ထမ်းတွေကိုပါ အထူးအစီအစဉ်အဖြစ် တရုတ်ဘာသာ စကား အခမဲ့သင်ကြားပေးမယ်လို့ အမျိုးသားလွှတ်တော်အမတ် ဦးကျော်သန်းထွန်း က ဆင်ဝှာသတင်းဌာန ကို ပြောကြားတယ်လို့ ဆိုပါတယ်။

တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်း အစီအစဉ်နဲ့ လွှတ်တော်နှစ်ရပ်စလုံးရဲ့ ခွင့်ပြုချက်နဲ့ ရှေ့လမှာ တရုတ်ဘာသာ စကား သင်တန်းစတင်ပို့ချပါမယ်။

လွှတ်တော်ကိုယ်စားလှယ် ၆ဝ လောက် သင်တန်းတက်ရောက်ဖို့ စာရင်းပေးထားတယ်လို့ အမျိုးသားလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကြည်မြင့် က ပြောကြားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org