တအာင်း(ပလောင်) နှစ်ကူးပွဲ လားရှိုးမြို့မှာ ကျင်းပပြုလုပ်


2015.12.20
plaung-new-year-620.jpg တအာင်း(ပလောင်)တိုင်းရင်းသားတွေရဲ့ နှစ်သစ်ကူးပွဲတော်နဲ့ မင်္ဂလာစည်တော် ပင့်ဆောင်ပွဲကို လားရှိုးမြို့အထက်မန်အိုင် နမ့်စန်ဘုန်တော်ကြီးကျောင်းမှာ ဒီဇင်ဘာလ ၂ဝ ရက်နေ့က ကျင်းပစဉ်
Photo: Kan Thar/RFA

မနေ့က ကျရောက်တဲ့ တအာင်း(ပလောင်)တိုင်းရင်းသားတွေရဲ့ နှစ်သစ်ကူးပွဲတော်နဲ့ မင်္ဂလာစည်တော် ပင့်ဆောင် ပွဲကို လားရှိုးမြို ့အထက်မန်အိုင် နမ့်စန်ဘုန်တော်ကြီးကျောင်းမှာ ကျင်းပခဲ့ပါတယ်။

တအာင်း(ပလောင်) လူမျိုးတွေမှာ နှစ်သစ်ကူးနေ့ရှိတယ်ဆိုတာကို အများသိရှိနိုင်ကြစေဖို့ ရည်ရွယ် ကျင်းပတာဖြစ် တယ်လို ့ပွဲဖြစ်မြောက်ရေးတာဝန်ခံ ကိုမိုင်ဇာအေးက ပြောပါတယ်။

တအာင်းနှစ်သစ် (၂၇ဝ၇) ခုနှစ်ကို ကြိုဆိုတဲ့အခမ်းနာကို ဒီဇင်ဘာလ(၁၉) ရက်နေ့ညနေပိုင်းကနေ စတင်ကျင်းပ ခဲ့ပြီး ည ၁၂ နာရီနှစ်သစ်ကူးအချိန်မှာ တအာင်းစာပေအလံကို လွှင့်ထူခဲ့ပါတယ်။

မနက်ပိုင်းကလည်း  နမ့်ခမ်းမြို့က လှူဒါန်းလိုက်တဲ့ မင်္ဂလာစည်တော်ကို လားရှိုးမြို့သာသနာ၂၅ဝဝ ဘုရားကနေ သွားရောက်ကြိုဆိုပင့်ဆောင်ခဲ့ကြပါတယ်။

တအာင်း (ပလောင်) တိုင်းရင်းသားတွေရဲ့နှစ်သစ်ကူးပွဲတွေကို ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ် တွေအပြင် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး စတဲ့မြို့တွေမှာလည်း ကျင်းပခဲ့ကြပြီး လားရှိုးမြို့မှာတော့ နှစ်ရက်တာကျင်းပ ပါတယ်။

ဒီနှစ်သစ်ကူးပွဲမှာ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးဖို့အလှူငွေတွေလည်း ကောက်ခံခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။