ရန်ကုန်တိုင်းဝန်ကြီးချုပ် တစ်နှစ် တာအတွင်း ဆောင်ရွက်မှု ရုပ်သံထုတ်လွှင့်
ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးစနစ် သစ်ဖြစ်တဲ့ YBS စနစ်ကို ၃ ရက် အတွင်း အောင်မြင်အောင် ပြောင်းလဲနိုင်ခဲ့ကြောင်းနဲ့ YBS စနစ်အတွက် ပြည်ပကနေ ဘတ်စ်ကားအစီးရေ ၃ထောင် ဝယ်ယူဖို့ ညှိနှိုင်းနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောပါတယ်။
-
2017-03-01 -
-
-
ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးစနစ်သစ်ဖြစ်တဲ့ YBS စနစ်ကို ၃ ရက်အတွင်း အောင်မြင်အောင် ပြောင်းလဲနိုင် ခဲ့ကြောင်းနဲ့ YBS စနစ်အတွက် ပြည်ပကနေ ဘတ်စ်ကား အစီးရေ ၃ထောင် ဝယ်ယူဖို့ ညှိနှိုင်းနေကြောင်း ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ တစ်နှစ်တာအတွင်း ဆောင်ရွက်ချက်တွေကို ပြည်သူကိုတင်ပြတဲ့ အနေနဲ့ ရန်ကုန်ဝန်ကြီးချုပ်ရဲ့ လူမှုကွန်ယက် Facebook စာမျက်နှာကတဆင့် ဒီနေ့ ရုပ်သံမှတ်တမ်း ထုတ်လွှင့်ရာမှာ ဦးဖြိုးမင်းသိန်းက ပြောခဲ့တာဖြစ်ပါတယ်။
"ကားအသစ် ၃ဝဝဝ လောက်ကို ကျနော်တို့ ဝယ်ယူဖို့ စီစဉ်နေပြီဖြစ်ပါတယ်၊ နိုင်ငံတော် ဘဏ္ဍာငွေထဲကလည်း ဘီလီယံ ၇ဝ ကျပ်လောက် ကျနော်တို့ သုံးစွဲဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်၊ ကားတွေက မှတ်တိုင်မှာ ဘယ်လောက် ကြာကြာရပ်တယ်၊ လမ်းမှာဘယ်လောက်ကြာတယ်၊ ဂိတ်စဂိတ်ဆုံးပြေးဆွဲမှု ရှိ မရှိ ဆိုတာကို Control Centre ကနေ ထိန်းချုပ်သွားမှာဖြစ်ပါတယ်၊ "
ရန်ကုန်တိုင်းအစိုးရအဖွဲ့ဟာ ဘတ်စ်ကား စနစ်သစ်အတွက် ငွေကျပ် ၇၀ ဘီလီယံလောက် အသုံးပြုဖို့ ပြင်ဆင်နေ တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
ဒါ့အပြင် ရန်ကုန်စည်ပင်သာယာနယ်နိမိတ် ဖွံ့ဖြိုးရေးအတွက် ငွေကျပ် ၃၂ ဘီလီယံ နဲ့ ရေကြီးရေလျှံမှု တားဆီးရေးအတွက် ဘဏ္ဍာငွေ ကျပ် ၈ ဘီလီယံကို အသုံးပြုနေတယ်လို့လည်း ပြောပါတယ်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့ဟာ ပြီးခဲ့တဲ့ တစ်နှစ်တာသက်တမ်းအတွင်း ရေကြီးရေလျှံမှု မရှိစေရေး၊ ရန်ကုန်စည်ပင် သာယာ နယ်နိမိတ်ဖွံ့ဖြိုးရေး၊ ယာဉ်ကြောပိတ်ဆို့မှု လျှော့ချနိုင်ရေး၊ ဘတ်စ်ကားစနစ် ပြောင်းလဲရေးနဲ့ အိမ်ရာ စီမံကိန်းအသစ်တွေ တည်ဆောက်ရေးတို့ကို ဆောင်ရွက်ခဲ့တယ်လို့ ဝန်ကြီးချုပ်က ပြည်သူတွေကို တင်ပြတဲ့ ရုပ်သံမှတ်တမ်းမှာ ပြောကြားခဲ့ပါတယ်။