ဖုန်းဆင်းကတ် ဈေးပိုရောင်းရင် အရေးယူမည်

ငွေကျပ် ၁၅ဝဝ တန် ဖုန်းဆင်းမ်ကတ်တွေကို သတ်မှတ်နှုန်းထက်ပိုရောင်းတဲ့ အရောင်း ဆိုင်တွေနဲ့ ကုမ္ပဏီတွေကို ပိတ်သိမ်းတဲ့အ ထိ အရေးယူသွားမှာဖြစ်ကြောင်း ဆက်သွယ်ရေးနဲ့ သတင်း အချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်းက ပြည်သူ့လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုးရေးရှင်းက ထုတ်လုပ်ရောင်းချသည့် စီဒီအမ်အေ ၈၀၀ ဖုန်းဆင်းကဒ်များကို တွေ့ရစဉ်။ Photo:RFA/Kyaw Htoon Naing

ငွေကျပ် ၁၅ဝဝ တန် ဖုန်းဆင်းမ်ကတ်တွေကို သတ်မှတ်နှုန်းထက်ပိုရောင်းတဲ့ အရောင်းဆိုင်တွေနဲ့ ကုမ္ပဏီတွေကို ပိတ်သိမ်းတဲ့အထိ အရေးယူသွား မှာဖြစ်ကြောင်း ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်း က ပြည်သူ့လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

မနေ့က  ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိမြင့်သန်းက နိုင်ငံခြားကုမ္ပဏီတွေက ဆက်သွယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်ရာ မှာ ပြသာနာတွေပေါ်ပေါက်လာရင် ဖြေရှင်းပေးဖို့အ တွက် ကော်မတီ၊ ကော်မရှင်တွေဖွဲ့စည်းထား ဖို့ မေးမြန်း ချက်ကို ဒုတိယဝန်ကြီး ဦးဝင်းသန်းက အခုလို ဖြေကြားခဲ့ ပါတယ်။

"ဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့သက်ဆိုင်ရာ တာဝန်ပေးထားတဲ့ ဖြန့်ချီရေးတွေ တိုက်ရိုက်ရောင်း ချဖို့ တာဝန်ပေးထားတဲ့ ပုဂ္ဂိုလ်တွေကို ကျနော်တို့ တိတိကျကျနဲ့သက်မှတ်ထားတဲ့ နှုန်းထားနဲ့ပဲရောင်းပြီးတော့ တခြားသော မိမိကိုယ်ကျိုးအတွက် ငွေဖြည့် ကဒ်တွေနဲ့ တွဲရောင်းတာ တန်ဖိုးမြှင့်ပြီးရောင်းတာ တယ်လီဖုန်းအခွံတွေနဲ့ တွဲပြီးရောင်းတာမျိုးမဖြစ်ဖို့အတွက် သတိပေးကြေညာထားပြီးဖြစ်ပါတယ်၊ တကယ်လို့ ဆက်လက်ပေါ်ပေါက်မယ်ဆိုလို့ရှိရင် ဒီကိစ္စတွေနဲ့ ပတ် သက်ပြီးအရေးယူဆောင်ရွက်မှာဖြစ်သလို တဖက်ကလည်း ဒီဆိုင်တွေ ဒီကုမ္ပဏီတွေကို ရောင်းချခွင့်ပိတ် သိမ်းသွားမှာဖြစ်ပါတယ်"

ဒါ့အပြင် ဆက်သွယ်ရေးဝန်ကြီးဌာနအနေနဲ့ အမျိုးသားဆက်သွယ်ရေးအကြံပေး ကော်မတီနဲ့ မြန်မာနိုင်ငံ ဆက် ယ်ရေး ကော်မရှင်တို့ကိုဖွဲ့စည်းဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

ငွေကျပ် ၁၅ဝဝ တန် ဆင်းကတ်တွေကို ဖုန်းဟန်းဆက်တွေ၊ ငွေဖြည့်ကဒ်တွေဝယ်မှ ရောင်းချတဲ့ဆိုင်တွေရှိသလို ငွေကျပ် တစ်သောင်းနီးပါးနဲ့ ရောင်းချနေတဲ့ ဆိုင်တွေလည်း ရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org