မလေးရှား Petronas ရေနံလုပ်ငန်း မြန်မာနိုင်ငံက ထွက်ပြီ

မလေးရှား Petronas ရေနံလုပ်ငန်း အမှတ်တံဆိပ်ကို တွေ့ရစဉ်
မလေးရှား Petronas ရေနံလုပ်ငန်း အမှတ်တံဆိပ်ကို တွေ့ရစဉ် (Photo: AFP)

ရဲတံခွန် ကမ်းလွန်ရေနံတူးဖော်ရေးမှာ လုပ်ကိုင်နေတဲ့ မလေးရှားအစိုးရပိုင် Petronas ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေကို ပြန်ရုပ်သိမ်းတော့မယ်လို့ ကြေညာလိုက်တဲ့ အကြောင်း Reuters သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။

Petronas ကုမ္ပဏီက လုပ်ကိုင်နေတဲ့ ရဲတံခွန် ရေနံလုပ်ကွက်တွေထဲက M12, M13 နဲ့ M14 တို့ကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။

စွမ်းအင်ဆိုင်ရာ ကူးပြောင်းမှုတွေ အရှိန်မြင့်လာတာနဲ့ လုပ်ငန်းသဘာဝတွေ ပြောင်းလဲ လာတာကြောင့် အခုလို နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာလို့ Petronas ကုမ္ပဏီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်း မတည်မငြိမ်ဖြစ်နေတာနဲ့ အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို ရက်ရက်စက်စက် ဖြိုခွဲနေတာတွေက အခုလို နုတ်ထွက်ဖို့ အကြောင်းဖြစ်တယ် ဆိုတာကိုတော့ ကြေညာချက်ထဲမှာ ဖော်ပြမထားဘူးလို့ Reuters သတင်းက ရေးပါတယ်။