ပြည်သူ့ဂုဏ်ရည်ဆုအတွက် ဆန်ခါတင် ရွေးချယ်
NNER ပညာရေးစနစ်ပြုပြင်ပြောင်း လဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်၊ ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းနဲ့ ဗကသအထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်တို့ကို ၂ဝ၁၅ ခုနှစ် အတွက် ပြည်သူ့ဂုဏ်ရည်ဆုရှင်လောင်းတွေ အဖြစ် လျာထားပြီး မနက်ဖြန်ကျင်းပမယ့် အခမ်းအနားမှာ ဆုရှင်ကို အပြီးသတ်ရွေးချယ်ဂုဏ်ပြုကြေညာမှာ ဖြစ်ပါတယ်။
-
2015-06-06 -
-
-
NNER ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်၊ ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းနဲ့ ဗကသအထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင် တို့ကို ၂ဝ၁၅ ခုနှစ် အတွက် ပြည်သူ့ဂုဏ်ရည်ဆုရှင်လောင်းတွေအဖြစ် လျာထားပြီး မနက်ဖြန်ကျင်းပမယ့် အခမ်း အနားမှာ ဆုရှင်ကို အပြီးသတ်ရွေးချယ်ဂုဏ်ပြုကြေညာမှာ ဖြစ်ပါတယ်။
ဒီဆုရွေးချယ်ချီးမြှင့်ရေးနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက် ပြည်နယ် Albany မြို့၊ ပြည်သူ့ ဂုဏ်ရည်အသင်းတာဝန်ခံ ဦးထွန်းထွန်းက အခုလို ပြောပါတယ်။
"တနင်္ဂနွေနေ့ကို ကျနော်တို့က ယူရီကာမြို့မှာလုပ်မယ်ပေါ့နော်၊ ပြည်သူ့ဂုဏ်ရည် ဆုရှင်ရယ်၊ အထူးဆု ရယ်ပေါ့နော်၊ အထူးဆုကတော့ ၂ ဆု၊ ပြည်သူ့ဂုဏ်ရည်ဆု ကတော့ ၁ ဆုပေါ့နော်၊ အဲ့နေ့မှကြေညာမယ်၊ ၂ ဖွဲ့နဲ့ ၁ ဦးပေါ့နော်၊ တစ်ဖွဲ့ကတော့ NNER အဖွဲ့၊ နောက်တစ်ဖွဲ့က ပင်မသပိတ်စစ်ကြောင်းပေါ့၊ နောက်ကတော့ လူပုဂ္ဂိုလ် ပေါ့နော်၊ မဖြိုးဖြိုးအောင်ပါ၊ ၃ ဦးထဲကနေ တစ်ဆုကိုတော့ရွေးချယ်ပြီးသွားပြီ၊ ၇ ရက် နေ့မှာ ထုတ်ပြန်ကြေညာမယ်၊ ပြည်တွင်းမှာလည်း တိုက်ရိုက် ဆုပေးပွဲတွေကိုတော့ ဆက်လုပ်သွားပါမယ်"
ပြည်သူ့ဂုဏ်ရည်ဆုရှင်ကို ဆုတံဆိပ်နဲ့ အမေရိကန်ဒေါ်လာငွေ တစ်သောင်း ချီးမြှင့်မှာဖြစ်ပြီး၊ အထူးဆုရှင်တွေကို လည်း ဆုတံဆိပ်နဲ့ ဒေါ်လာငွေ တစ်ထောင်စီ ဂုဏ်ပြုချီးမြှင့်မှာ ဖြစ်ပါတယ်။
ကိုယ်ကျိုးစွန့်ပြီး အများအကျိုးအတွက် စွမ်းစွမ်းတမံဆောင်ရွက်တဲ့ ပြည်တွင်းက ပုဂ္ဂိုလ်တစ်ဦးချင်းနဲ့ အဖွဲ့အစည်းတွေ ကို ဂုဏ်ပြုချီးမြှင့်တဲ့ဆုလည်း ဖြစ်ပါတယ်။
ပြည်သူ့ဂုဏ်ရည်အသင်းကို ပြည်ပရောက် မြန်မာနိုင်ငံဖွား တိုင်းရင်းသားမိသားစုတွေနဲ့ ဖွဲ့စည်းထားပြီး ဒီနှစ် က ခြောက်ကြိမ်မြောက် ဆုချီးမြှင့်မယ့်ပွဲဖြစ်ပါတယ်။
ပြည်သူ့ဂုဏ်ရည်ဆုကို ရန်ကုန်နာရေးကူညီမှုအသင်း ဥက္ကဌ ရုပ်ရှင်မင်းသား ဦးကျော်သူ၊ စာရေး ဆရာမ ဒေါ်သန်းမြင့်အောင်၊ ၂၀၀၇ ရွှေဝါရောင်တော် လှန်ရေး ကြောင့်ထိန်းသိမ်းခံရတဲ့ သံဃာတွေကို အကူအညီပေးတဲ့ ဒေါ်ရှု၊ ကချင်ပြည်နယ် ကစစ်ပွဲသတင်းလိုက်ရင်း ကျည်ဆန်ထိမှန်ပြီး ခန္ဓာကိုယ်အောင်ပိုင်း မလှုပ်ရှားနိုင်တော့ တဲ့ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်သူ ကချင်အမျိုးသား လဖိုင်နော်မိန်း စတဲ့ပုဂ္ဂိုလ်တွေ ဟာ ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ခံထားရပါတယ်။