ဆန္ဒပြရာမှာ နိုင်ငံတော်အလံ ကိုင်ဆောင်ခွင့်နဲ့ ပတ်သက်လို့ လွှတ်တော် နှစ်ရပ် အကြား ပေါ်ပေါက်ခဲ့တဲ့ သဘောထား ကွဲလွဲမှုတွေ အားလုံး မနေ့က ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်ပြီးနောက် ပြေလည်သွားပြီလို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောပါတယ်။ ဒီဥပဒေမူကြမ်းကို ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက လွှတ်တော်ကို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒီဥပဒေအရ ပြည်သူတွေ ဆန္ဒပွဲတွေမှာ လွတ်လပ်ရေး ရပြီးနောက်ပိုင်း ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံတော် အလံ မှန်သမျှ ကိုင်ဆောင် ဆန္ဒပြခွင့် ရရှိကြမှာ ဖြစ်ကြောင်း၊ ဒီဥပဒေဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး လူ့အခွင့်အရေးတို့ အတွက် လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံး ပေါ်ပေါက်လာတဲ့ တိုးတက်မှု ဖြစ်တယ်လို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောပါတယ်။ အခု နေပြည်တော်မှာ ကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေးတွေကို လာမဲ့ သောကြာနေ့ အထိကျင်းပပြီး တစ်လကျော်လောက် ရပ်နားထားဖွယ် ရှိတယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။
ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြခွင့် ဆိုင်ရာ ဥပဒေ မြန်မာလွှတ်တော် အတည်ပြု
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေကို လွှတ်တော် နှစ်ရပ်လုံးက သဘောတူညီမှု ရရှိသွားပြီ ဖြစ်တာကြောင့် သမ္မတ ဦသိန်းစိန် လက်မှတ်ရေးထိုးပြီးရင် ဥပဒေ အဖြစ် တရားဝင် အတည်ပြု ပြဋ္ဌာန်းနိုင်တော့မယ်လို့ သိရပါတယ်။
