ငြိမ်းချမ်းရေးကော်မရှင်က ဝ ဥက္ကဌထံ မေတ္တာရပ်ခံစာပို့
၂၁ပင်လုံညီလာခံမှာ ဝကိုယ်စားလှယ် အဖွဲ့က ညီလာခံကတ်ပြားကိစ္စနဲ့ ပတ်သက်ပြီး ဆက်မတက်တော့ ဘဲ ပြန်လည်ထွက်ခွာသွားတဲ့အတွက် ငြိမ်းချမ်းရေးကော် မရှင်က ဝအထူးဒေသ ၂ ဥက္ကဌ ဦးပေါက်ယူချမ်းထံ မေတ္တာ ရပ်ခံစာပေးပို့လိုက်ပါတယ်။
-
2016-09-02 -
-
-
ငြိမ်းချမ်းရေးကော်မရှင်က ဝ အထူးဒေသ(၂) ဥက္ကဌ ဦးပေါက်ယူချန်းကို ပေးပို့တဲ့ မေတ္တာရပ်ခံစာကို တွေ့ရစဉ်
.
၂၁ပင်လုံညီလာခံမှာ ဝကိုယ်စားလှယ်အဖွဲ့က ညီလာခံကတ်ပြားကိစ္စနဲ့ ပတ်သက်ပြီး ဆက်မတက်တော့ ဘဲ ပြန်လည်ထွက်ခွာသွားတဲ့အတွက် ငြိမ်းချမ်းရေးကော်မရှင်က ဝအထူးဒေသ ၂ ဥက္ကဌ ဦးပေါက်ယူချမ်း ထံ မေတ္တာရပ်ခံစာပေးပို့လိုက်ပါတယ်။
အဲဒီလို စာပေးပို့ခဲ့ကြောင်းနဲ့ ဝအဖွဲ့ဘက်က ဘာမှအကြောင်းပြန်တာ မရှိသေးကြောင်း ဒီနေ့ နေပြည်တော် ငြိမ်းချမ်းရေးညီလာခံအပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေး က ပြောပါတယ်။
အဲဒီမေတ္တာရပ်ခံစာထဲမှာ ညီလာခံအတွင်း စီမံခန့်ခွဲမှု အားနည်းချက်တချို့ကြောင့် အဆင်မပြေ ဖြစ်ခဲ့ရတာတွေကို နားလည်ပေးဖို့ကိုလည်း ငြိမ်းချမ်းရေးကော်မရှင်ကိုယ်စား မေတ္တာရပ်ခံထားပါတယ်။
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်က ကိုယ်စားလှယ်အဖွဲ့ဟာ သူတို့ကို လေ့လာသူ ကတ်ပြားတွေသာ ထုတ်ပေးတဲ့အတွက် အဆင်မပြေဖြစ်တာကြောင့် မနေ့က ပြန်လည်ထွက်ခွာသွားတာဖြစ်ပါတယ်။