မလတ်တောင်ပြိုကျမှု သေဆုံးသူ ၅၃ ဦးထိရှိလာ

ပေါင်မြို့နယ် သဲဖြူကုန်းရွာ မြေပြိုကျမှုဖြစ်တဲ့နေရာမှာ ရှာဖွေကယ်ဆယ်ရေးလုပ်နေတာကို ၂၀၁၉၊ သြဂုတ် ၁၁ ရက်နေ့က တွေ့ရစဉ်
ပေါင်မြို့နယ် သဲဖြူကုန်းရွာ မြေပြိုကျမှုဖြစ်တဲ့နေရာမှာ ရှာဖွေကယ်ဆယ်ရေးလုပ်နေတာကို ၂၀၁၉၊ သြဂုတ် ၁၁ ရက်နေ့က တွေ့ရစဉ် (Photo: Aung Thain Kha/RFA)

0:00 / 0:00

မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာအနီးက မလတ်တောင်ပြိုကျမှုကြောင့် သေဆုံးသူ ၅၃ ဦးရှိသွား ပြီဖြစ်ကြောင်း ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

မနေ့ညကအထိ သေဆုံးသွားသူ ၄၁ ဦးရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့ပြီး ဒီနေ့မှာ သေဆုံးသူ ၁၂ ဦးရဲ့ ရုပ်အလောင်းတွေကို ထပ်မံ ရှာဖွေတွေ့ရှိခဲ့တာကြောင့် သေဆုံးသူ ၅၃ ဦးထိ ရှိလာတာဖြစ်ပါတယ်။

မလတ်တောင် ပြိုကျမှုကြောင့် သေဆုံးသူတွေဟာ ဒီထက်ပိုများနိုင်ကြောင်း ဒေသခံတွေနဲ့ ရှာဖွေကယ် ဆယ်ရေးဆောင်ရွက်နေသူတွေက ဟြေကြပါတယ်။

အဲဒီမြေပြိုကျမှုဖြစ်တဲ့နေရာကို ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ၊ လူမှုဝန်ထန်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ မနေ့က သွားရောက်စစ်ဆေးခဲ့ပါတယ်။

အလားတူ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးမင်းကိုနိုင်လည်း သွားရောက်ပြီး ဒေသခံ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

(RFA သတင်းထောက် မဝေမာထွန်း ပေးပို့သည်)