အခွင့်အရေးဆိုင်ရာ ကိစ္စတွေ လွှတ်တော်မှာ တင်ပြဖို့ ပါတီတွေ ပြင်ဆင်
2011.08.01

ဒီအစည်းအဝေးမှာ ဥပဒေပြုရေး ဆိုင်ရာတွေကို ဆွေးနွေးပြဋ္ဌာန်းဖို့ ရှိကြောင်း သိရပါတယ်။ အစည်းအဝေး တက်ရောက်မယ့် လွှတ်တော်ကိုယ်စားလှယ်တွေကလည်း သူတို့ တင်ပြကြမယ့် အဆိုပြုချက်တွေ၊ မေးခွန်းတွေနဲ့ ပတ်သက်ပြီး ပြင်ဆင်နေကြပြီလို့ သိရပါတယ်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကလည်း ရခိုင်ဒေသနဲ့ နှီးနွယ်ပတ်သက်တဲ့ အကြောင်းအရာတွေကို အဓိကထား တင်ပြသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက ပဋိပက္ခတွေနဲ့ ပတ်သက်ပြီးတော့လည်း RNDP အနေနဲ့ တင်ပြချက်တွေအပေါ် ထောက်ခံဆွေးနွေးမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။
အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီရဲ့ ခေါင်းဆောင် ဒေါက်တာသန်းငြိမ်းကတော့ ဒီတခါ လွှတ်တော်အစည်းအဝေးမှာ တင်ပြဖို့အတွက် ဆွေးနွေး ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ အသေးစိတ်ကိုတော့ ကြိုတင် မထုတ်ပြန်လိုကြောင်း ပြောပါတယ်။ တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်အဖြစ် တက်ရောက်မယ့် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွှန့်ကတော့ နိုင်ငံအတွက် အမှန်တကယ် လိုအပ်ပြီး ပြည်သူလူထုအတွက်လည်း ဝန်ထုတ်ဝန်ပိုး ဖြစ်စေတဲ့ ကိစ္စတွေ ထည့်ပေးဖို့၊ အထူးသဖြင့် ဆင်းရဲတဲ့ ပြည်သူလူထုကို အကျိုးရှိစေမယ့် ကိစ္စရပ်တွေ ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။
မခင်ခင်အိ စုစည်း တင်ပြထားတာကိုလည်း အပြည့်အစုံ နားဆင်နိုင်ပါတယ်။
![]() |
စုစည်းတင်ပြချက်။ |
![]() |
အသံဖိုင်ယူရန်။ |