ပထမအကြိမ် လွှတ်တော်ကို အခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ ကနေ မတ်လ ၃၀ ရက်နေ့ အထိ ကျင်းပခဲ့ပြီး၊ အခု တကြိမ် ခေါ်ယူမယ့် လွှတ်တော်ဟာ အထူး အစည်းအဝေး ဖြစ်တဲ့အတွက် လွှတ်တော် အမတ်တွေကို ၁၅ ရက် ကြိုတင် ဖိတ်ကြားရမှာ ဖြစ်ပါတယ်။ လာမယ့် လွှတ်တော်မှာ ကျေးရွာ၊ မြို့နယ်၊ ခရိုင် အဆင့် အုပ်ချုပ်ရေးမှူး ရာထူး ခန့်အပ်ရေးဆိုင်ရာ ဥပဒေ မူကြမ်းကို အဓိက ဆွေးနွေးဖွယ် ရှိတယ်လို့ လွှတ်တော် အမတ် တဦးက ပြောပါတယ်။ ဒီအတောအတွင်း ၂၀၁၀ ရွေးကောက်ပွဲ အားနည်းချက်တွေနဲ့ လာမည့် ရွေးကောက်ပွဲတွေ အတွက် အကြံပြုချက် ပါဝင်တဲ့ စာတမ်း တစောင်ကို ဒီမိုကရေစီ မိတ်ဆွေပါတီများ အဖွဲ့ဝင် ၉ ပါတီက ခေါင်းဆောင်တွေ စုပေါင်းပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌထံ ဒီကနေ့ ပေးပို့လိုက်တယ်လို့ ပြည်ထောင်စု ဒီမိုကရေစီ ပါတီ ဥက္ကဌ ဦးသိန်းတင်အောင်က ပြောပါတယ်။ လာမည့် ရွေးကောက်ပွဲမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ ရွေးကောက်ပွဲ ဥပဒေတွေကို အဆင့်ဆင့်မှာ အဓိက လိုက်နာနိုင်အောင် ဖြစ်ကြောင်း သူက ပြောပါတယ်။ မနက်ဖြန်မှာတော့ တည်ဆဲ နိုင်ငံရေး ပါတီ ၃၇ ဦးက ခေါင်းဆောင်တွေနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတွေ နေပြည်တော်မှာ ပထမဆုံး အကြိမ်တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။
လွှတ်တော် အထူးအစည်းအဝေး ခေါ်ယူဖို့ စီစဉ်
ပြည်ထောင်စုလွှတ်တော် အထူး အစည်းအဝေးကို လာမယ့် သြဂုတ်လ နောက်ဆုံးပတ်မှာ ပြန်လည် ခေါ်ယူဖို့ စီစဉ်နေတယ်လို့ အမည်မဖော်လိုတဲ့ အမျိုးသားလွှတ်တော် အမတ်တဦးက RFA ကို ဒီကနေ့ ပြောကြား ပါတယ်။
