စည်းကြပ်မှုကနေ လွတ်နေတဲ့ငွေတွေနဲ့ ပတ်သက်ပြီး သီးခြားဥပဒေကြမ်းရေးဆွဲမည်


2018.03.20
maungmaungwin-622.jpg စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းကို တွေ့ရစဉ်
Photo: MOI

စည်းကြပ်မှုကနေ လွတ်ကင်းနေတဲ့ငွေတွေကို အခွန်လျှော့ချပေးမယ့် အစီအစဉ်ကို ၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုရဲ့ အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းမှာ ပယ်ဖျက်ပြီး ဥပဒေကြမ်းတစ်ခု သီးခြားရေးဆွဲသွားမယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ဒီနေ့ ပြောပါတယ်။

၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုရဲ့ အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ တစ်ပိုဒ်ချင်း အလိုက် ဆွေးနွေးအတည်ပြုရာမှာ အခွန်လျှော့ချထားတဲ့ ပုဒ်မကို ပယ်ဖျက်လိုက်တာပါ။

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက သီးခြားဥပဒေရေးဆွဲသွားမယ့်အကြောင်း အခုလိုပြောပါတယ်။

"အခု ဥပဒေကြမ်း ပူးပေါင်းကော်မတီက အကြံပြု သုံးသပ်ပြီးတော့ ထွက်ထားတဲ့အတိုင်းပဲ ဆိုင်ရာ ဌာနတွေ ရှိတယ်။ နောက် UMFCCI အဖွဲ့အစည်းတွေရှိတယ်။ နောက် လိုအပ်ရင်လည်း လိုအပ်သလို အခွန်ထမ်းထားတဲ့ လုပ်ငန်းရှင်ကြီးတွေ ဒီလို ကျယ်ကျယ်ပြန့်ပြန့် ထပ်ပြီးတော့ သုံးသပ်ပြီးတော့ ပြည့်စုံသထက် ပြည့်စုံအောင် သီးခြားဥပဒေတစ်ရပ် ရေးဆွဲဖို့ စွမ်းဆောင်နေပါတယ်"

ဥပဒေကြမ်းရေးဆွဲမှုကို မကြာခင်ဆောင်ရွက်သွားမှာဖြစ်ပြီး မြန်နိုင်သမျှ မြန်မြန်ရေးဆွဲသွားမယ်လို့လည်း ဦးမောင်မောင်ဝင်းက ပြောပါတယ်။

အဲဒီပုဒ်မကို စီးပွားရေးလုပ်ငန်းရှင်အချို့က ထောက်ခံကြပေမယ့် ကန့်ကွက်သူတွေလည်း ရှိခဲ့ပါတယ်။

ဒီနေ့အတည်ပြုချက်အရ ကျပ်သိန်း ၃၀၀ အထက်ဆိုရင် ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀၀ ကနေ သိန်းတစ်ထောင် အတွင်းဆို ၂၀ ရာခိုင်နှုန်းနဲ့ ကျပ်သိန်း တစ်ထောင်အထက်ဆိုရင် ၃၀ ရာခိုင်နှုန်း ပေးဆောင်ရ မှာဖြစ်ပါတယ်။

အင်ဂျင်ပါဝါ ၁၅၀၀ စီစီကနေ ၂၀၀၀ စီစီကြား မော်တော်ယာဉ်တွေကိုတော့ အခွန် ၂၀ ရာခိုင်နှုန်း ကောက်ခံနေရာ ကနေ ၁၀ ရာခိုင်နှုန်းသာ ကောက်ခံဖို့ လျှော့ချလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။