အလုပ်ရှင် အလုပ်သမား ပဋိပက္ခများ အမျိုးသား လွှတ်တော်မှာ ဆွေးနွေး

လက်ရှိ အလုပ်ရှင်အလုပ်သမား ပဋိပက္ခတွေကို ဖြေရှင်းဖို့ဆိုရင် အလုပ်သမားဥပဒေသစ် ရေးဆွဲဖို့ထက် ရှိပြီးသား ဥပဒေတွေထဲက ပြင်ဆင်သင့်တာတွေပြင်ဆင်ဖို့ လိုအပ်နေတာသာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်မှ ဒေါက်တာ မြတ်ဉာဏစိုးက ဒီနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ပြောကြား သွားပါတယ်။

 

လက်ရှိ အလုပ်ရှင်အလုပ်သမား ပဋိပက္ခတွေကို ဖြေရှင်းဖို့ဆိုရင် အလုပ်သမားဥပဒေသစ် ရေးဆွဲဖို့ထက် ရှိပြီးသားဥပဒေတွေထဲက ပြင်ဆင်သင့်တာတွေပြင်ဆင်ဖို့ လိုအပ်နေတာသာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်မှ ဒေါက်တာ မြတ်ဉာဏစိုးက ဒီနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ပြောကြားသွားပါတယ်။

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်ကိုယ်စားလှယ် ဒေါက်တာမြင့်ကြည်က  အလုပ်သမားအခွင့်အရေးတွေကို ပြန်လည်သုံးသပ်ပြီး အလုပ်သမားဥပဒေရေးဆွဲဖို့ အဆိုတင်သွင်းတာကို ဒေါက်တာ မြတ်ဉာဏစိုးက ပြန်လည်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

လက်ရှိ အလုပ်ရှင်အလုပ်သမား ပဋိပက္ခတွေမှာ သမဂ္ဂဝင်အလုပ်သမားတွေကို အလုပ်ထုတ်ပစ်ကြတာများကြောင်း အမျိုးသားဒီမိုကရေစီအင်အားစု ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်ကလည်း အခုလို ဆွေးနွေးသွားပါတယ်။

“ထုတ်ပစ်လိုက်တဲ့ ကလေးတွေကို ကြည့်တဲ့အခါမှာ အလုပ်သမားသမဂ္ဂနဲ့ အလုပ်သမားအဖွဲ့အစည်းက ကလေးတွေများတယ်ဆိုတာ ကျမတို့သွားတွေ့ရတယ်၊ ထုတ်ပစ်တဲ့အခါကျတော့လည်း သူတို့ကခေါ်ပြီးတော့မှ ငွေပေးမယ် လက်မှတ်ထိုးခိုင်းတယ်၊ ချက်ချင်းထုတ်ပစ်လိုက်တယ်၊ အဲဒါမျိုးတွေဖြစ်ပါတယ်၊ အဲဒီတော့ အလုပ်ရှင်ကခေါ်တယ်၊ ခေါ်တော့ သမဂ္ဂမှာပါတဲ့ဥက္ကဌတွေ၊ အတွင်းရေးမှူးတွေ၊ ဘဏ္ဍရေးမှူးတွေ ဒီသုံးယောက်ကိုပဲခေါ်တယ်၊ ခေါ်ပြီးတော့ ပိုက်ဆံပေးပြီး လက်မှတ်ထိုးခိုင်းတယ်၊ အဲဒီမှာလက်မှတ်ထိုးပြီး အခုချက်ချင်းထွက်သွားပါဆိုပြီးထုတ်တယ်”

အလုပ်သမားအခွင့်အရေးတွေကို ပြန်လည်သုံးသပ်ပြီး အလုပ်သမားဥပဒေတစ်ခု ရေးဆွဲဖို့အဆိုကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၃ ဦးက ဆွေးနွေးပြီး အလုပ်သမား အလုပ်အကိုင်နှင့်  လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းကလည်း ဆွေးနွေးခဲ့ပါတယ်။

အဲဒီအဆိုကို အမျိုးသားလွှတ်တော်မှ မှတ်တမ်းတင်ထားရှိဖို့ သဘောတူအတည်ပြုဆုံးဖြတ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org