ပန်းခြံလျှောက်ထားတဲ့နေရာကို ပုဂ္ဂလိကကို ချပေးလို့ ကန့်ကွက်


2017.04.22
park-land-protest-620.jpg တောင်ဥက္ကလာပမြို့နယ်၊ မာဃ(၁၂)လမ်းမှာရှိတဲ့ ကလေးကစားကွင်းနဲ့ ပန်းခြံလုပ်မယ့် မြေနေရာကို တွေ့ရစဉ်
Photo: Thant Zin Oo/RFA

တောင်ဥက္ကလာပမြို့နယ်၊ မာဃ(၁၂)လမ်းမှာရှိတဲ့ ကလေးကစားကွင်းနဲ့ ပန်းခြံလုပ်မယ့် မြေနေရာကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ပုဂ္ဂလိကကို ဂရန်ချပေးလိုက်တဲ့အတွက် ရပ်ကွက်နေပြည်သူ ၅ဝ လောက်က အဲဒီမြေနေရာရှေ့မှာ ဒီကနေ့ ကန့်ကွက်စုရုံးခဲ့ကြပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး တောင်ဥက္ကလာပမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စောနိုင်က ကလေးကစားကွင်းနဲ့ ပန်းခြံရရှိတဲ့အထိ ထပ်မံတင်ပြသွားမှာဖြစ်သလို လွှတ်တော်မှာလည်း ပြန်လည်တင်ပြသွားဖို့ ရှိတယ်လို့ ပြောပါတယ်။

အဲဒီမြေနေရာဟာလူမနေတဲ့ ပလပ်မြေဖြစ်တာကြောင့် ကလေးကစားကွင်းနဲ့ ပန်းခြံလုပ်ဖို့အတွက် ၂ဝ၁၆ ခုနှစ် ဇွန်လကတည်းက ရန်ကုန်မြို့တော် စည်ပင်သာယာရေးဌာနနဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းထံကို ရပ်ကွက် မှာနေထိုင်သူတွေက စာတင်ထားတယ်လို့ သိရပါတယ်။

အကျယ်ပေ ၈ဝ နဲ့ ၆ဝ ရှိတဲ့ အဲဒီမြေနေရာကို မြေကွက်အမှတ် (၉၈၂) ဆိုပြီး ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ရက်စွဲနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဂရန်ချပေးလိုက်တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။