မဲဆွယ်ရာမှာ ခွဲခြားစည်းရုံးမှုတွေ ရှိကြောင်း PACE အဖွဲ့ ပြောကြား

PACE အဖွဲ့ရဲ့ ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့် ကိုတွေ့ရစဉ်
PACE အဖွဲ့ရဲ့ ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့် ကိုတွေ့ရစဉ် (ဓါတ်ပုံ - မေသဒါ္ဓ/RFA)

0:00 / 0:00

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေမှာ လူမျိုးရေး၊ ဘာသာရေးနဲ့ ကျား၊ မ ခွဲခြားအသုံးပြုပြီး မဲဆွယ်စည်းရုံးတာဟာ ၂ ရာခိုင်နှုန်းလောက်ရှိတယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာနေတဲ့ PACE အဖွဲ့က ပြောကြားလိုက်ပါတယ်။

မြို့နယ်ပေါင်း ၁၂၉ မြို့နယ်က နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးပွဲ ၁၆ဝဝ ကျော်ကို PACE အဖွဲ့က စောင့်ကြည့် ရာမှာ တွေ့ရှိချက်ကို ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ဒီနေ့ ထုတ်ပြန်လိုက်တာ ဖြစ်တယ်လို့ PACE အဖွဲ့ရဲ့ ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့်က ပြောတာဖြစ်ပါတယ်။

"ပြည်နယ်နဲ့ ၁၄ ခုရဲ့ မြို့နယ် ၁၂၉ မြို့နယ် စောင့်ကြည့်လေ့လာရေးအတွက် ၁၂၉ ဦးနဲ့ စောင့်ကြည့်လေ့ လာနေတယ်၊ ဘာသာရေး၊ လူမျိုးရေး နောက်ပြီးတော့ ကျနော်တို့ ကျား၊ မ လိင်ကိစ္စနဲ့ ပတ်သက်ပြီးတော့မှ လှုံ့ဆော်တာမျိုးတွေရှိသလားဆိုတော့လည်း အများစုအားသောဖြင့်မရှိဘူး၊ ဒါပေမဲ့ ရှိတာမျိုးတွေလည်း ရှိပါတယ်၊ များသောအားသော အားဖြင့်ကတော့လေ ကျနော်တို့ စောင့်ကြည့်တဲ့ပါတီ ၄ မျိုးပေါ့လေ အမျိုးအစား NLD ၊ USDP ၊ဒေသခံပါတီကြီးတွေ၊ ပါတီငယ် လေးမျိုးစလုံးမှာ အနည်းနဲ့အများဆိုသလို အဲ့လိုဟာမျိုး မှတ်ချက်မျိုးတွေ ပုဂ္ဂိုလ်ရေးနဲ့ ပတ်သက်လို့တော့ မှတ်ချက်မျိုးတွေ ကျနော်တို့တွေ့ရတယ်"

PACE အဖွဲ့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့ကနေ အောက်တိုဘာလ ၁၈ ရက်နေ့အတွင်း လက်နက်ကိုင် ပဋိပက္ခတွေရှိတဲ့နေရာတွေ၊ အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ နေရာတွေနဲ့ လူဦးရေများတဲ့ မဲဆန္ဒနယ်မြေတွေကို စောင့်ကြည့်လေ့လာခဲ့တာလို့ သိရပါတယ်။ PACE အဖွဲ့ဟာ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ သက်ဆိုင်ရာနယ်ခံ ပါတီကြီးနဲ့ ပါတီသေးဆိုပြီး ၄ မျိုးခွဲပြီး စောင့်ကြည့်တာဖြစ် တယ်လို့ ဆိုပါတယ်။

PACE အဖွဲ့ရဲ့ ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့်ကို RFA သတင်းထောက် မမိုးကလျာဦး တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။