သိမ်းဆည်းခံ လယ်မြေဧက ၁ဝဝ ကျော် ပြန်ရဖို့ စစ်တွေမြို့ခံတွေ တောင်းဆို


2016.12.27
sateyoekya-620.jpg စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်က သိမ်းယူခံထားရတဲ့ လယ်မြေတွေ ပြန်လည်ရရှိဖို့ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့က ဒေသခံတွေ ဆန္ဒပြစဉ်
နေသူရိန် ဖေ့စ်ဘွတ်

ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်မှာ သိမ်းယူခံထားရတဲ့ လယ်မြေဧက တစ်ရာကျော်ကို ပြန်လည် ရရှိဖို့ ဒေသခံတောင်သူ တစ်ရာကျော်က ဒီကနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

တောင်သူ ၂၃ ဦးပိုင်တဲ့ လယ်မြေတွေကို ပြန်ရဖို့အတွက် တောင်းဆိုဆန္ဒပြတာဖြစ်တယ်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ လယ်သမား ဦးရန်မျိုးအောင် က ပြောပါတယ်။

''ကျွန်တော်တို့ ဆန္ဒဖော်ထုတ်တာရာမှာ အချက် ၄ ချက်ပါပါတယ်၊ သိမ်းဆည်းခံလယ်မြေပြန်လည် ရရှိရေး၊ လယ်မြေပေါ် ကျူးကျော်အဆောက်အဦးများ ဖယ်ရှားပေးရေး၊ ပြည်နယ်လွှတ်တော် ဥက္ကဌ နှုတ်ထွက်ပေးရေး၊ လွှတ်တော်လယ်မြေစိစစ်ရေးအဖွဲ့ ပြန်လည်အသစ်ဖွဲ့စည်းပေးရေးဖြစ် ပါတယ်''

အဲဒီလယ်မြေတွေကို ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက်က သိမ်းဆည်းခဲ့တာဖြစ်ပေမယ့် ၂၀၁၃ ခုနှစ်လောက်အထိ လုပ်ကိုင်ခွင့်ရခဲ့ပေမယ့် ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာတော့ စက်မှုရပ်ကွက်အဖြစ် အကောင် အထည်ဖော်တယ်ဆိုပြီး ခြံစည်းရိုးခတ်တာ၊ အဆောက်အဦးဆောက်တာတွေ လုပ်လာတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ဆတ်ရိုးကျ စက်မှုရပ်ကွက်အဖြစ် သိမ်းဆည်းထားတဲ့ မြေယာတွေထဲက ဧကအတော်များများကို အရင် ရခိုင်ပြည်နယ်အစိုးရ တာဝန်ရှိသူတွေနဲ့ ဌာနဆိုင်ရာအကြီးအကဲတွေက မြေကွက်တွေရိုက်ပြီး အသီးသီး ခွဲဝေယူခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။