အာဆီယံထိပ်သီး ညီလာခံ ပြည်တွင်း သတင်းထောက် ၄၀ သာ သတင်းယူခွင့်ပြုမည်

နေပြည်တော်မှာ မေလ ၁ဝ နေ့က စတင်ကျင်းပတဲ့ ၂၄ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို တွေ့ရစဉ်
နေပြည်တော်မှာ မေလ ၁ဝ နေ့က စတင်ကျင်းပတဲ့ ၂၄ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို တွေ့ရစဉ် (Photo: Win Naung Toe, Myo Thant/RFA)

0:00 / 0:00

မနက်ဖြန် နေပြည်တော်မှာ စတင်ကျင်းပမယ့် ၂၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးပွဲ ကို ပြည်တွင်းမီဒီယာသမားဦးရေ ၄ဝ သာဝင်ခွင့် ရမှာဖြစ်တဲ့အတွက် မဲနှိုက်ပြီးမှ သတင်းယူခွင့်ရမယ်လို့ သိရပါတယ်။

လက်ရှိမှာ ဝင်ခွင့်တောင်းခံထားတဲ့ သတင်းဌာန အရေအတွက်ကို ပြန်ကြားရေးဝန်ကြီးဌာန ထံက တောင်းခံထားပြီး မနက်ဖြန်မနက် အစည်းအဝေးပွဲတွေမစခင် နံနက် ၇ နာရီမှာ သတင်းဌာနအလိုက် မဲနှိုက်ပြီး မဲပေါက်သူကိုသာ ဝင်ခွင့်ပြုသွားမယ်လို့ ကိုအောင်သူရက ဆိုပါတယ်။

ရုပ်သံသတင်းဌာနနဲ့ ပုံနှိပ်မီဒီယာတွေကို ခွဲခြားပြီးမဲနှိုက် ရွေးချယ်သွားမှဖြစ်တယ်လို့ သိရပါတယ်။

ဒီအတောအတွင်း အာဆီယံ ထိပ်သီးညီလာခံ ကျင်းပမယ့် နေပြည်တော်ကို ဒုတိယအမြင့်ဆုံး လုံခြုံရေးအဖြစ် လိမ္မော်ရောင်အဆင့် သတ်မှတ်ပြီး ဆောင်ရွက်နေသလို အမေရိကန်လုံခြုံရေး အင်အား ၁ဝဝ ကျော် လောက် လည်းရောက်နေပြီး ပြည်တွင်းလုံခြုံရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ရဲမှူးချုပ် စိုးမြိုင်က ပြောပါတယ်။

ရဲမှူးချုပ် စိုးမြိုင်ကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။