ဒီးမော့ဆိုမြို့နယ်မှာ စစ်ရှောင်တစ်ဦး မြေမြုပ်မိုင်းနင်းပြီး ဒဏ်ရာပြင်းထန်

ကယား (ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့နယ် ကုန်းသာနဲ့ သေးဆူလဲကျေးရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားပြီးနောက် ထွက်ပြေးတိမ်း ရှောင်ခဲ့ကြတဲ့ စစ်ရှောင်အမျိုးသားတစ်ဦးဟာ စက်တင်ဘာလ ၂၈ ရက်နေ့ ညနေ ၇ နာရီလောက်က သေးဆူလဲရွာက သူ့ရဲ့နေအိမ်ကို ရိက္ခာပြန်ယူချိန် မိုင်းနင်းမိပြီး ခြေထောက်ပြတ်ပြီး အပြင်းအထန် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုင်းထိတဲ့ သေးဆူလဲရွာက ရိက္ခာပြန်ယူချိန်တဲ့ စစ်ရှောင်အမျိုးသားကို တွေ့ရစဥ် ဓါတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆိုမြို့နယ်

ကယား (ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့နယ် ကုန်းသာနဲ့ သေးဆူလဲကျေးရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့ က တိုက်ပွဲဖြစ်ပွားပြီးနောက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ စစ်ရှောင်အမျိုးသားတစ်ဦးဟာ စက်တင်ဘာလ ၂၈ ရက်နေ့ ညနေ ၇ နာရီလောက်က သေးဆူလဲရွာက သူ့ရဲ့နေအိမ်ကို ရိက္ခာပြန်ယူချိန် မိုင်းနင်းမိပြီး ခြေထောက်ပြတ်ပြီး အပြင်းအထန် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်က အမည်မဖော်လိုတဲ့ ပြန်ကြားရေးတာဝန်ခံကတော့ အဲဒီမိုင်းဟာ စစ်ကောင်စီတပ်က ထောင်ထားခဲ့တဲ့မိုင်းဖြစ်တယ်လို့ ပြောပါတယ်။

"၂၅ ရက်နေ့မှာ ကျနော်တို့တိုက်ပဲဖြစ်တယ်။ ၂၆ ၊ ၂၇ ပေါ့နော် တိုက်ပွဲပြီးတဲ့အချိန်မှာ စစ်ကောင်စီက သူတို့ပြန်ဆုတ်တော့ ပြန်ဆုတ်သွားတဲ့အချိန်မှာ ကျနော်တို့က နယ်မြေရှင်းလင်းရေးတွေလုပ်တယ်။ လုပ်တော့ မိုင်းရှင်းလင်းရေးလည်းလုပ်တာပေါ့။ လုပ်တဲ့အချိန်မှာ အဲဒီမိုင်းက ကျနော်တို့မတွေ့ဘဲ ကျန်ခဲ့တဲ့မိုင်းပေါ့။ စစ်ကောင်စီက ထောင်ခဲ့တာပေါ့။ အဲဒါကို သေးဆူလဲရွာသားက ဒီစစ်ရှောင်ရိက္ခာ မိသားစု ရိက္ခာပြန်ယူတဲ့အခါ ထောင်ထားတဲ့မိုင်းမိတာပေါ့။ အဲဒါခြေထောက်ပြတ်သွားတယ်။ ပေါင်မှာလည်း ဒဏ်ရာရသွားတယ်"

ပြီးခဲ့တဲ့ စက်တင်ဘာ၂၅၊ ၂၆ ရက်နေ့က ဒီးမော့ဆိုမြို့နယ် ကျောက်ဆည်ကန်အနီးရှိ ကုန်းသာကျေးရွာနဲ့ သေးဆူလဲ ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ KNDF ပူးပေါင်းတပ်တို့ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ကြပြီးနောက် ကျေးရွာ နှစ်ရွာက အိမ်ခြေ အလုံး ၃၀ မီးရှို့ခံခဲ့ရပါတယ်။

အခုနင်းမိတဲ့မိုင်းဟာ စစ်တပ်ကထောင်ထားတဲ့ မိုင်းဖြစ်ကြောင်း ပြောဆိုချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ကို RFA က ဒီနေ့ညနေက ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

ကယားပြည်နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းချိန်ကစပြီး အခုအချိန်ထိ ထိခိုက်ဒဏ်ရာရှိသူ ၁၈၄ ဦးရှိပြီလို့ ကရင်နီပြည် လူမှုအသင်းအဖွဲ့များကွန်ယက်က ထုတ်ပြန်ထားပါတယ်။

ဒီနေ့မှာလည်း ဒီးမော့ဆို မြို့ဘက်ကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်နဲ့ KNDF ပူးပေါင်းတပ်တို့ မိုးဗြဲမှာ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org