ကုမ္ပဏီတွေဆီကနေ ရွှေစင်ကြွေး ကျန် ၁၄၅ ပိဿာကျော်ရရန်ရှိ

သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာန လက်အောက်က အမှတ် ( ၂ ) သတ္ထုတွင်းလုပ်ငန်း အနေနဲ့ ၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ကုမ္ပဏီတွေထံနေ ရွှေစင်ကြွေး ကျန် ၁၄၅ ပိဿာကျော် ရရှိဖို့ကျန်ရှိနေကြောင်း ပြည်ထောင် စုဝန်ကြီး ဦးအုန်းဝင်းက ပြည်သူ့လွှတ်တော် ပြောဆိုသွား ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းကို မေလ ၃၁ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တွေ့ရစဉ် Photo: Win Naung Toe/ RFA

သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန လက်အောက်က အမှတ် (၂) သတ္ထုတွင်းလုပ်ငန်းအနေနဲ့ ၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ကုမ္ပဏီတွေထံနေ ရွှေစင်ကြွေးကျန် ၁၄၅ ပိဿာကျော်ရရှိဖို့ ကျန်ရှိနေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြည်သူ့လွှတ်တော် ပြောဆိုသွားပါတယ်။

လှိုင်းဘွဲ့မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုရဲ့ မြေအောက်သယံဇာတများ ထုတ်ယူရရှိမှု အခြေအနေ၊ ကြွေးကျန်အခြေအနေနဲ့ တရားမဝင်သယ်ဆောင်ရောင်းဝယ် မှုများကို ဖမ်းဆီးဖော်ထုတ်နိုင်မှုတို့နဲ့ ပတ်သက်တဲ့မေးခွန်းကို ပြန်ဖြေရာမှာ ဝန်ကြီး ဦးအုန်းဝင်းက အခုလို ထည့်သွင်း ပြောကြားခဲ့တာပါ။

သတ္တုတွင်းဦးစီးဌာနရဲ့ခွင့်ပြုမိန့်ရလုပ်ကွက်တွေရဲ့ ပုံသေမြေဌားရမ်းခများ ကောက်ခံရာကနေ ၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ဓာတ်သတ္တုထုတ်လုပ်ဖို့ အကြီးစားခွင့်ပြုမိန့်ပေါင်း ၁၅၀ ထဲမှာပါတဲ့ ကုမ္ပဏီ ၄ ခုဆီ ကနေ ကြွေးကျန် ကျပ်သန်ပေါင်း ငါးရာ့ ခြောက်ဆယ်ကျော် ရဖို့ရှိတယ်လို့ ပြောပါတယ်။

ဒါ့အပြင် အသေးစားဓာတ်သတ္တုလုပ်ကွက်ပေါင်း ကိုးရာကျော်အနက် ကုမ္ပဏီ ၆ ခုထံ ကနေ ပုံသေမြေဌားရမ်းခပေး သွင်းဖို့ ကျန်ရှိတဲ့ ကြွေးကျန်မှာ ကျပ် ၆ သန်း နီးပါးရှိကြောင်းလည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org