မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် အမေရိကန်သမတ ရွေးချယ်

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူး ကိုယ်စားလှယ် ရာထူးအတွက် ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတဦးဖြစ်သူ Derek Michell ကို အမေရိကန်သမတ အိုဘားမားက ဧပြီ ၁၄ ရက် မနေ့က တရားဝင် ရွေးချယ် အဆိုပြုလိုက်တယ်လို့ သမတအိမ်ဖြူတော်က ကြေညာလိုက်ပါတယ်။

အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများ၏ အစည်းအဝေးတခုတွင် တက်ရောက်သော နိုင်ငံများအား ကိုယ်စားပြုသည့် အလံများ စိုက်ထူထားပုံ ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

Mr. Michell ဟာ အာရှရေးရာ ကျွမ်းကျင်သူတဦး ဖြစ်ပြီး လက်ရှိ ကာကွယ်ဝန်ကြီးဌာနမှာ အာရှနဲ့ ပစိဖိတ်ရေးရာ ဒုလက်ထောက် ကာကွယ်ရေးဝန်ကြီး တာဝန်ယူထားသူ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ အမေရိကန် မူဝါဒရေးရာမှူး ရာထူးဟာ ၂၀၀၈ ခုနှစ်က ချမှတ်ခဲ့တဲ့ ပိတ်ဆို့ အရေးယူရေး ဥပဒေအရ ခန့်အပ်ရမဲ့ ရာထူးဖြစ်ပြီး အထက်လွှတ်တော် ဆီးနိတ်က သဘောတူ ထောက်ခံပြီးမှ အတည်ပြု ခန့်အပ်နိုင်မှာ ဖြစ်ပါတယ်။

Mr. Michell ဟာ အရင်က ဒီမိုကရက် အထက်လွှတ်တော် အမတ် Edward Kennedy ရဲ့ မူဝါဒရေးရာမှူး တာဝန်အပြင်၊ ထိုင်ဝမ်အခြေစိုက် China Post သတင်းစာနဲ့ ဝါရှင်တန်အခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးဗဟိုအဖွဲ့ (CSIS) တို့မှာ တာဝန်ထမ်းဆောင်ခဲ့သူတဦး ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org