အမေရိကန်သမ္မတ နေပြည်တော် အရှေ့အာရှထိပ်သီးညီလာခံ တက်ရောက်မည်

အမေရိကန်သမ္မတ Barack Obama ဟာလာမယ့်နိုဝင်ဘာလအတွင်းမြန်မာနိုင်ငံကိုလာရောက်မယ်လို့သမ္မတရဲ့အာရှပစိဖိတ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုရေးရာဌာနကအမေရိကန်အကြီးတန်းအရာရှိ Robert Wang ကဒီကနေ့ပြောကြားပါတယ်။

သမ္မတအိုဘားမားဟာတရုတ်နိုင်ငံဘေကျင်းမြို့ မှာနိုဝင်ဘာလ၁ဝရက်နဲ့၁၁ရက်နေ့တွေ မှာပြုလုပ်မယ့် APEC (ခေါ်) အာရှ-ပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ထိပ်သီးညီလာခံကိုတက်ရောက်ပြီးနောက်၊နိုဝင်ဘာလ၁၂ရက်နေ့မြန် မာနိုင်ငံမှာပြုလုပ်မယ့်အရှေ့အာရှထိပ်သီးညီလာခံကိုတက်ရောက်မှာပါ။

မြန်မာနိုင်ငံမှာနိုဝင်ဘာ၁၃ရက်ကနေ၁၄အထိကြာမြင့်မှာဖြစ်ပြီးအဲဒီနောက်နိုဝင်ဘာလ၁၅ရက်နေ့သြစတြေးလျနိုင်ငံမှာပြုလုပ်မယ့် G-20 စက်မှုထိပ်သီးညီလာခံကိုတက်ရောက်မှာြဖစ်ပါတယ်။

ဒီအတောအတွင်းအစ္စရေးနိုင်ငံရဲ့လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဟာနှစ်ရက်ကြာခရီးစဉ်အဖြစ်မြန်မာနိုင်ငံကိုဒီကနေ့ရောက်ရှိမယ်လို့သိရပါတယ်။

ဒါဟာ၁၉၇၉ခုနှစ်ကအစ္စရေးနိုင်ငံခြားရေးဝန်ကြီးမိုရှီဒါယန်းမြန်မာနိုင်ငံကိုလာရောက်ပြီးနောက်၃၅နှစ်အတွင်းမြန်မာနိုင်ငံကိုလာရောက်တဲ့အစ္စရေးအဆင့်မြင့်အရာရှိတစ်ဦးရဲ့ ပထမဆုံးခရီးစဉ်ဖြစ်ပါတယ်။

အစ္စရေးလက်ထောက်နိုင်ငံခြားရေးဝန်ကြီးဟာမြန်မာနိုင်ငံမှာရှိစဉ်အတွင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံမယ်လို့လည်းသိရပါတယ်။