တိုင်းရင်းဆေး ၁၉ မျိုး မသုံးသင့်ကြောင်း အစိုးရထုတ်ပြန်
2016.12.28
ဈေးကွက်အတွင်း ရောင်းချနေတဲ့ တိုင်းရင်းဆေးတွေထဲမှာ မှတ်ပုံတင်ထားခြင်းမရှိတဲ့ တိုင်းရင်း ဆေးဝါး ၃၄ မျိုးထဲက ၁၉ မျိုးဟာ သုံးစွဲဖို့ မသင့်တဲ့ဆေးဝါးတွေဖြစ်နေကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။
တိုင်းရင်းဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိတဲ့ တိုင်းရင်းဆေး ၃၄ မျိုးကို စစ်ဆေးတွေ့ရှိထားပြီး ပထမဆုံး ၁၉ မျိုးကို ထုတ်ပြန်ကြေညာပေးတာ ဖြစ်တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားေရးမှူး ဒေါက်တာ မြင့်မြင့်သန်း က ပြောပါတယ်။
"အခုလောလောဆယ်မှာ အားလုံး ၃၄ မျိုး ထုတ်ပြန်ဖို့ရှိပါတယ်၊ ဒီနေ့ ၁၉ မျိုးပါသွားပြီဆိုတော့ ၁၅ မျိုး ကျန်သေးတယ်၊ အခုပထမအကြိမ်အနေ နဲ့ ဈေးကွက်က ကောက်လိုက်တယ်၊ ဒါတွေက မှတ်ပုံတင် မထားပါဘူးဆိုပြီး အများသိအောင်ကြေညာလိုက်တယ်ပေါ့၊ မှတ်ပုံတင်မထားဘူးဆိုလို့ရှိရင် ဒီဆေးရဲ့စစ်မှန်မှုပေါ့နော်၊ အဲဒီအတွက်ကို ကျွန်မတို့ အာမခံချက်မပေးနိုင်လို့ပါ"
အဲဒီတိုင်းရင်းဆေးဝါး ၁၉မျိုးကို ဒီကနေ့ အစိုးရသတင်းစာတွေမှာ ထုတ်ပြန်လိုက်တာဖြစ်ပြီး အပူငြိမ်းဆေး၊ ဝမ်းပိတ်ဆေး၊ ယားနားလိမ်းဆေး၊ ဝမ်းပိတ်၊ ဝမ်းမှန်ဆေးနဲ့ ချောင်းဆိုးပျောက်ဆေးတွေ ပါဝင်ပါတယ်။