စစ်တပ်အုပ်ချုပ်နေသရွေ့ သတင်းစာလွတ်လပ်ခွင့် ရှိမှာမဟုတ်

မြန်မာနိုင်ငံမှာ စစ်တပ်က အုပ်ချုပ်နေသမျှ ကာလပတ်လုံး သတင်းစာ လွတ်လပ်ခွင့်ရော ဒီမိုကရေစီပါ ဆိတ်သုဉ်းနေဦးမှာ ဖြစ်တယ်လို့ ဝါရင့်သတင်းစာဆရာကြီး လူထုစိန်ဝင်းက အောက်တိုဘာ ၂၁ ရက် ဒီကနေ့ RFA က မေးမြန်းစဉ်မှာ ထုတ်ဖော် ပြောဆိုလိုက်ပါတယ် ။

သတင်းစာဆရာကြီး လူထု ဦးစိန်ဝင်း၏ ပုံတူ ကောက်ကြောင်း ပန်းချီ ဖြစ်ပါသည်။ (Courtesy of Artist Min Kyaw Khine) (Courtesy of Artist Min Kyaw Khine)

ပြင်သစ်အခြေစိုက် RSF လို့ ခေါ်တဲ့ နယ်ခြားမဲ့ သတင်းထောက်များအဖွဲ့ရဲ့ ၂၀၁၀ စစ်တမ်းအရ ကမ္ဘာ့ နိုင်ငံပေါင်း ၁၇၈ နိုင်ငံမှာ မြန်မာနိုင်ငံရဲ့ စာနယ်ဇင်း လွတ်လပ်မှုအဆင့်ဟာ အောက်ဆုံး ၅ နိုင်ငံ နေရာမှာ ရှိနေတာနဲ့ ပတ်သက်လို့ မေးမြန်းစဉ် အဲဒီလို ပြောဆိုလိုက်တာပါ ။

ရွေးကောက်ပွဲနီးလာတဲ့ အခုလိုကာလ မြန်မာနိုင်ငံက သတင်းစာလွတ်လပ်ခွင့် အနေအထား ဘယ်လိုရှိမလဲ သိရအောင် ဝါရင့် သတင်းစာဆရာကြီး လူထုစိန်ဝင်းကို RFA အဖွဲ့သား ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org