သင်ကြားမှု အထောက်အကူ ပစ္စည်းတွေ NLD လှူဒါန်း
2011.08.10

(Photo: AFP)
တာမွေမြို့နယ်၊ တာမွေ အဝိုင်းမှာရှိတဲ့ ရန်ကုန်တိုင်း NLD ရုံးမှာ ကျောင်းသား ကျောင်းသူ ၂၁၃ ဦး အတွက် အခမ်းအနားနဲ့ ပေးအပ်တာလို့ ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။
"အခမ်းအနားမှာ သဘာပတိ ဖြစ်တဲ့ ဦးတင်ဦးက အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆန္ဒအရ အခုလို ထောက်ပံ့တာ ဖြစ်တဲ့ အကြောင်း၊ လူမှု အထောက်အကူပြု လုပ်ငန်းတွေကို အဖွဲ့ချုပ်က ဘယ်လို ရည်ရွယ်ချက်တွေနဲ့ ဆောင်ရွက်နေတယ် ဆိုတဲ့ အကြောင်း၊ အကျယ်တဝင့် ရှင်းလင်းပြောပြပြီးတော့ နိုင်ငံတော်ရဲ့ အနာဂတ်အတွက် ရည်မှန်းပြီးတော့ ကလေးတွေကို ပညာရေး အထောက်အကူပြု ပစ္စည်းတွေကို ထောက်ပံ့ရတဲ့ အတွက်ကြောင့် အလွန် မွန်မြတ်တဲ့ လုပ်ငန်းတခုကို ဆောင်ရွက်လိုက်တာဖြစ်တဲ့ အကြောင်း ပြောပြီးတော့ ကျောင်းသူ ကျောင်းသားလေးတွေကို ဗလာစာအုပ် တဒါဇင်၊ ဘောပင် ကွန်ပါဘူး စတဲ့ ပညာသင်ကြားရေး အထောက်အကူ ပစ္စည်းတွေကို ပေးပါတယ်။"
အခမ်းအနားမှာ ဦးအုန်းကြိုင်၊ ရန်ကုန်တိုင်း စည်းရုံးရေး တာဝန်ခံ ဦးစောနိုင်းနိုင်းနဲ့ ဗဟို ဦးစီးအဖွဲ့ဝင် ဦးကြည်ဝင်းတို့က တာဝန်ခံ ဖြန့်ဝေပေးမယ့် ကျောင်းသား မိဘတွေကို ပညာရေး အထောက်အကူပြု ပစ္စည်းတွေကို အုပ်စုလိုက် ခွဲဝေပေးတယ်လို့ ပြောပါတယ်။
အခမ်းအနားကို မူလတန်း ကျောင်းသားတွေ မတက်ရောက်ကြဘဲ ကျောင်းဖွင့်ရက်လည်း ဖြစ်နေတဲ့ အတွက် အလယ်တန်း ကျောင်းသား ၁၅ ယောက်လောက် တက်ရောက်တာပဲ ရှိပြီး ကျောင်းသား မိဘတွေက ကျောင်းသားတွေ ကိုယ်စား တက်ရောက်ကြပါတယ်။ ကျောင်းသား အယောက် ၃၀ အတွက် ကိုယ်စားလှယ် အဖြစ် မိဘတဦးစီ တင်ရောက်ကြတယ်လို့ ပြောပါတယ်။
NLD ဟာ ပညာရေး အထောက်အကူ အဖြစ် ပညာဒါန အခမဲ့ကျောင်းနဲ့ သင်တန်းတွေလည်း ဖွင့်လှစ်ပြီး နိုင်ငံရေး အကျဉ်းသားတွေရဲ့ သားသမီးတွေ အတွက်လည်း ပညာရေး အထောက်အပံ့ ပေးအပ်ပါတယ်။