တပ်မတော်နဲ့ပတ်သက်တဲ့ တင်ပြချက်ကို လက်မခံကြောင်း ဒေါ်မေဝင်းမြင့် ပြော


2018.07.02
maywinmyint-622.jpg အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအမျိုးသမီးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်မေဝင်းမြင့်ကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့က တွေ့ရစဉ်
Photo: Win Ko Ko Latt/ RFA

တပ်မတော်ကို မြန်မာ့နိုင်ငံရေးကနေ ဖယ်ရှားဖို့ ပြောဆိုချက်ကို လက်မခံဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအမျိုးသမီးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်မေဝင်းမြင့် က ဒီနေ့ ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးလုပ်ငန်း ကော်မတီများ တွေ့ဆုံပွဲမှာ ကိုယ်စားလှယ်အချို့က တပ်နဲ့ပတ်သက်ပြီး တင်ပြတာကို လက်မခံခဲ့ဘူးလို့ ကော်မတီ ဥက္ကဌ ဒေါက်တာ ဒေါ်မေဝင်းမြင့် က ပြောပါတယ်။

"မနေ့တုန်းက ပြည်နယ်တစ်ခုက တပ်မတော်သားကိုယ်စားလှယ်တွေ ဖယ်ရှားရေးဆိုပြီးတော့ လက်ခုပ်တွေ တီးကြတယ်၊ ဒါနိုင်ငံတိုင်းမှာရှိရမှာပဲနော်၊ သူ့ကဏ္ဍတစ်ခုတော့ရှိရမယ်၊ ဒီမိုကရေစီနိုင်ငံမှာ ပြည်ထဲရေးက ရဲတွေက ရှေ့တန်းရောက်တာပေါ့၊ နောက်မှတပ်က အနောက်မှာနေရတာပေါ့၊ ဗမာနိုင်ငံရဲ့ သမိုင်းကြောင်းကိုက တပ်မတော်က တောက်လျှောက်ပါလာတာလေ၊  သူတို့လုံးဝဖယ်လို့မရဘူး၊ သူ့ကဏ္ဍနဲ့သူကရှိရမှာပေ့ါ၊ ဒါကြောင့် မို့ ဖယ်ရှားရေးဆိုတာကို အန်တီလက်မခံဘူးဆိုတာပြောချင်ပါတယ်"

ဒါ့အပြင် တပ်မတော်နဲ့ ပတ်သက်ရင် အနှောင့်အယှက်ဖြစ်စေမယ့် စကားမျိုးမပြောဖို့လည်း သတိပေးခဲ့တယ်လို့ ဆိုပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ပင်လုံညီလာခံတွေက တဆင့် ကြိုးပမ်းသွားမယ်လို့လည်း ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး ကြွေးကြော်သံတွေနဲ့ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

ဇွန်လ ၃ဝ ရက်နေ့က စတင်ကျင်းပတဲ့ NLD အမျိုးသမီး လုပ်ငန်းကော်မတီတွေ တွေ့ဆုံပွဲကို မြို့နယ်အသီးသီးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ၈ဝဝ နီးပါးတက်ရောက်ခဲ့ကြတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။