ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်လို့ တပ်မတော်ကို NLD မေးခွန်းထုတ်

ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ပြီး ကော်မတီဖွဲ့စည်းဆောင်ရွက်စဉ်မှာ ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့ မညီဘူးဆိုပြီး ဘာကြောင့်မကန့် ကွက်တာလဲလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ၂ ဒေါက်တာ ဇော်မြင့်မောင် က တပ်မတော်ကို ဒီနေ့ မေးခွန်းထုတ်လိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ၂ ဒေါက်တာ ဇော်မြင့်မောင် ကို ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ရန်ကုန်မြို့ NLD ရုံးချုပ်မှာ တွေ့ရစဉ် Photo: Thant Zin Oo/RFA

ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ပြီး ကော်မတီဖွဲ့စည်းဆောင်ရွက်စဉ်မှာ ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့ မညီဘူးဆိုပြီး ဘာကြောင့်မကန့် ကွက်တာလဲလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ၂ ဒေါက်တာ ဇော်မြင့်မောင် က တပ်မတော်ကို ဒီနေ့ မေးခွန်းထုတ်လိုက်ပါတယ်။

ရန်ကုန်မြို့မှာ နှစ်ရက်ကြာကျင်းပခဲ့တဲ့ NLD ပါတီ ဒုတိယအကြိမ် ပါတီညီလာခံအပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်း ပွဲမှာ တပ်မတော်က လွှတ်တော်တွင်းမှာ NLD ပါတီရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆောင်ရွက်မှုအပေါ် ကန့်ကွက်နေ တာနဲ့ပတ်သက်လို့ သတင်းထောက်တစ်ဦးက မေးမြန်းရာမှာ ဒေါက်တာ ဇော်မြင့်မောင်က မေးခွန်းထုတ်လိုက် တာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် မောင်မောင် ကို  RFA က ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒီညီလာခံအပြီးမှာ NLD က ထုတ်ပြန်တဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးတို့ကို ဆက်လက်ကြိုးစား လုပ်ဆောင်သွားမယ်လို့ ပါဝင်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ပူးပေါင်းကော်မတီ ဖွဲ့စည်းဖို့ အဆိုတင်သွင်းခဲ့ပြီး အဆိုအောင်မြင်ခဲ့တာကြောင့် ကိုယ်စားလှယ်အချိုးကျနဲ့ ပူးပေါင်းကော်မတီဖဲ့ွစည်းထားပြီးဖြစ်ပါတယ်။

ဒါပေမဲ့ အဆိုတင်သွင်းစဉ်ကတည်းက တပ်မတော်သား ကိုယ်စားလှယ်တွေက NLD ပါတီရဲ့အဆိုဟာ ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့ မညီဘူးဆိုပြီး မတ်တပ်ရပ်ကန့်ကွက်တာတွေ ရှိခဲ့ပေမယ့် ထောက်ခံသူများတာကြောင့် အဆိုအတည်ဖြစ်ခဲ့တာပါ။

မနက်ဖြန်မှာဆိုရင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၈ ဦး ပါဝင်တက်ရောက်မယ့် ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးကို ကျင်းပဖို့ ရှိနေပါတယ်။

NLD ပါတီ ဗဟိုကော်မတီညီလာခံကို ရန်ကုန်မြို့ NLD ပါတီရုံးချုပ်မှာ နှစ်ရက်ကြာပြုလုပ်ခဲ့ပြီး ပါတီဗဟိုအလုပ် မှုဆောင်အဖွဲ့ဝင်တွေ တိုင်းနဲ့ ပြည်နယ်အသီးသီးက ဝန်ကြီးချုပ်တွေနဲ့ အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတွေစတဲ့ ဗဟိုကော်မတီဝင်တွေ စုစုပေါင်း ၁၃၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦးနဲ့ ကိုသန့်ဇင်ဦး ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org