NLD ပါတီ လွှတ်တော်တက်ရန် ဆုံးဖြတ်ချက်ချ
2012.04.30

လွှတ်တော်ကိုယ်စားလှယ် အများစုရဲ့သဘောတူညီချက်နဲ့ အခုလို ဆုံးဖြတ်တာလို့ ဆိုပါတယ်။
လူထုဆန္ဒကို လိုက်လျောလိုက်တဲ့အပြင် လွှတ်တော်တွင်းရှိ တိုင်းရင်းသား ပါတီတွေက RNDP ရခိုင်အမျိုးသား တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်ကို စေလွှတ်ပြီး လွှတ်တော်မှာ ပါဝင်တက်ရောက်ဖို့ တိုက်တွန်းတာကို တန်ဖိုးထား လေးစားတဲ့အနေနဲ့ ဆုံးဖြတ်လိုက်တာလို့ ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားပါတယ်။
"တိုင်းရင်းသား ပါတီတွေနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေပေါ့နော်၊ တစညလည်း ပါတယ်။ တခြားပါတီတွေလည်းပါတယ်။ အားလုံးကနေပြီးတော့ ကျွန်မတို့ကို လွှတ်တော်ထဲကို တက်စေချင်ပါတယ်။ လွှတ်တော်ထဲမှာမှ အတူတူ အလုပ်လုပ်ပြီး ပြောင်းလဲစေချင်ပါတယ် ဆိုပြီးတော့ မေတ္တာရပ်ခံပါတယ်။ နောက်ပြီးတော့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကို ပေးထားတဲ့ စာကလည်း တိုင်းရင်းသား ပါတီတွေနဲ့ တခြား တသီးပုဂ္ဂလပါတီ အားလုံးပေါင်း လက်မှတ်ထိုးထားတာက ၁၆ ပေါ့။ တင်ထားတဲ့ စာကလည်း အင်မတန်မှ ပူးပေါင်းဆောင်ရွက်ချင်တဲ့ သဘောနဲ့ ကျွန်မတို့ လွှတ်တော်အတွင်းမှာ တိုင်းရင်းသားပါတီတွေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့အတူ ပြောင်းသင့်တဲ့ကိစ္စတွေ ပြောင်းဖို့၊ အထူးသဖြင့် ကျွန်မတို့ လိုချင်နေတဲ့ ကျမ်းကျိန်စာသားတွေကို ပြောင်းဖို့ကို ဝိုင်းဝန်းပြီး မေတ္တာရပ်ခံတာပါတယ်။ အားလုံးကို သုံးသပ်ပြီးတော့ သဘောထားကြီးကြီးနဲ့ ကျွန်မတို့ အနေနဲ့ လိုက်လျောသင့်တယ်လို့ ထင်တယ်။"
NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ- ၁၂၅ (က) ဇယား (၄) မှာ ဖော်ပြထားတဲ့အတိုင်း ကျမ်းသစ္စာ ကျိန်ဆိုကြမှာ ဖြစ်ပေမဲ့ မူလ ရပ်တည်ချက်ဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာပါမည် ဆိုတဲ့သဘောထားကိုတော့ ပြောင်းလဲမှာ မဟုတ်တဲ့အကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
NLD ပါတီက ကြေညာချက် ထုတ်ပြန်လိုက်ချိန်မှာ NLD ကိုယ်စားလှယ်တွေ လွှတ်တော်တက်နိုင်ဖို့ အစီအစဉ်အရ ဒီကနေ့ ပြီးဆုံးပြီဖြစ်တဲ့ လွှတ်တော်ကို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ၂ ဦး သီးသန့် ဆွေးနွေးပြီးနောက် လွှတ်တော် အစည်းအဝေးကို မေလ ၂ ရက်နေ့မှာ ပြောင်းရွှေ့ ကျင်းပမယ့်အကြောင်း ကြေညာခဲ့ပါတယ်။
NLD ပါတီရဲ့ လွှတ်တော်တက်ရန် ဆုံးဖြတ်ချက်ချလိုက်တာနဲ့ ပတ်သက်ပြီး သတင်းထောက်များကို ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့တာကို ဒေါ်စမ်းစမ်းတင်က တင်ပြပါမယ်။
![]() |
တင်ပြချက်။ |
![]() |
အသံဖိုင်ယူရန်။ |
NLD ပါတီရဲ့ ဆုံးဖြတ်ချက်အပေါ်သုံးသပ်သူတွေရဲ့ အမြင်ကို ဦးဇော်မိုးကျော်က စုစည်းတင်ပြပါမယ်။
![]() |
စုစည်းတင်ပြချက်။ |
![]() |
အသံဖိုင်ယူရန်။ |