ဒီဇင်ဘာ ၁၉ ရက် အင်န်အယ်လ်ဒီ ပါတီခေါင်းဆောင်သစ် ရွေးမယ်
၁၉ ရက်နေ့မှာ ကျင်းပမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီတည်ထောင်လိုသူ ၂၁ ဦး အစည်းအဝေးကနေ ပါတီအကြီးအကဲတွေကို ရွေးချယ်မယ်လို့ အင်န်အယ်လ်ဒီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အာရ်အက်ဖ်အေကို ဒီကနေ့ ပြောပါတယ်။
-
2011-12-14 -
-
-
၂ဝ၁၁ ခုနှစ် နိုဝင်ဘာလ ၂ဝ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရန်ကုန်မြို့ ဌာနချုပ်တွင် ကျင်းပသည့် ၉၁ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်။
AFP
"၁၉ ရက်နေ့မှာ ကျွန်တော်တို့ အစည်းအဝေးခေါ်ထားပါတယ်။ ဒီအစည်းအဝေးမှာ ပါတီ ခေါင်းဆောင်နဲ့ ဒုတိယခေါင်းဆောင်တွေကို ရွေးမှာဖြစ်ပါတယ်။ "
ပါတီမှတ်ပုံတင်ရေးကိစ္စ၊ ပါတီဖွဲ့စည်းပုံနဲ့ ပါတီမူဝါဒ ကိစ္စတွေကိုလည်း အဲဒီအစည်းအဝေးမှာ အတည်ပြု ဆုံးဖြတ်ဖို့ရှိတယ်လို့ ဦးဉာဏ်ဝင်းက ဆိုပါတယ်။
အင်န်အယ်လ်ဒီပါတီကို အခုလ ၁၂ ရက် တနင်္လာနေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီ တည်ထောင်ခွင့် ပြုခဲ့ပါတယ်။