မွန်နဲ့ တနင်္သာရီအတွက် လေ့လာ သုံးသပ်ရေးအဖွဲ့ NLD ဖွဲ့စည်း
မွန်ပြည်နယ်နဲ့ တနသာၤရီတိုင်းဒေသကြီးမှာ အစိုးရအဖွဲ့ဝင်တွေနဲ့ အန်အယ်လ်ဒီပါတီ လွှတ်တော်ကိုယ်စားလှယ်တွေကြား ဖြစ် ပွားနေတဲ့ကိစ္စတွေကို ဖြေရှင်းဖို့ ပါတီဗဟိုက လေ့လာသုံး သပ်ရေးအဖွဲ့ ဖွဲ့စည်းလိုက်ပါတယ်။
-
2016-11-28 -
-
-
မွန်ပြည်နယ်နဲ့ တနသာၤရီတိုင်းဒေသကြီးမှာ အစိုးရအဖွဲ့ဝင်တွေနဲ့ အန်အယ်လ်ဒီပါတီ လွှတ်တော်ကိုယ်စား လှယ်တွေကြား ဖြစ်ပွားနေတဲ့ကိစ္စတွေကို ဖြေရှင်းဖို့ ပါတီဗဟိုက လေ့လာသုံးသပ်ရေးအဖွဲ့ ဖွဲ့စည်းလိုက်ပါတယ်။
မကျေနပ်ချက်တွေ ပါတီဗဟိုထံ စာတွေရောက်ရှိလာတဲ့အတွက် အဖွဲ့ဖွဲ့ပြီး လေ့လာသုံးသပ်သွားမှာ ပါလို့ လေ့လာသုံးသပ်ရေးအဖွဲ့ဝင် ဒေါက်တာမျိုးညွန့် ကပြောပါတယ်။
"အဲ့ဒီဘက်မှာ မကျေနပ်ချက်ကလေးတွေတချို့ ရှိနေပါတယ်။ အဲဒီအတွက် စာတွေ တချို့လည်းရောက်တော့ အဲ့ဒါတွေကို လေ့လာသုံးသပ်ဖို့ အဖွဲ့ဖွဲ့လိုက်တာပါ၊ ဘက်စုံပေါ့ဗျာ အုပ်ချုပ်ရေး ပိုင်းရော၊ ပါတီပိုင်းရော၊ အကုန်လုံးပါပါတယ်"
လေ့လာသုံးသပ်ရေးအဖွဲ့မှာ ဦးဉာဏ်ဝင်း၊ ဒေါက်တာမျိုးညွန့်၊ ဦးကျော်ဟိုး တို့ သုံးဦး ပါဝင်ပါတယ်။
အဖွဲ့အနေနဲ့ စတင်ဖွဲ့စည်းတဲ့အနေအထားမှာပဲရှိသေးပြီး ဘာတွေလုပ်ဆောင်ရမယ်ဆိုတဲ့ အစီအစဉ် မရေးဆွဲ ရသေးဘူးလို့ ဒေါက်တာမျိုးညွန့် က ပြောပါတယ်။
မွန်ပြည်နယ်မှာ ဝန်ကြီးချုပ် အပြောင်းအလဲ ဖြစ်ပေါ်လာနိုင်တယ်လို့ သတင်းတွေထွက်နေပြီး ပြည်နယ်အစိုးရ အဖွဲ့ဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကြားမှာလည်း မကျေနပ်မှု တွေရှိနေတယ်လို့ သတင်းတွေထွက်နေ ပါတယ်။
ဒါ့အပြင် တနသာၤရီတိုင်းဒေသကြီးမှာ တိုင်းလွှတ်တော်ဥက္ကဌနဲ့ ဒုတိယ ဥက္ကဌတို့ကို စီစစ်ပေးဖို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တွေက ပါတီဗဟိုဌာနချုပ်နဲ့ ပြည်သူ့လွှတ်တော် အမျိုးသား လွှတ်တော် ဥက္ကဌတွေထံ လက်မှတ်ရေးထိုးတိုင်ကြားထားပါတယ်။