NLD ပါတီ နှစ်သုံးဆယ်ပြည့်အခမ်းအနား မန္တလေးတိုင်းဝန်ကြီးချုပ်မိန့်ခွန်းပြော

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ စတင်တည်ထောင်ချိန်ကစပြီး နှစ်ပေါင်း ၃၀ ကြာတဲ့အထိ ဖိနှိပ်မှုတွေ ကြားထဲကနေ ပြည်သူတွေ အားကိုးရတဲ့ ပါတီဖြစ်အောင် ကြိုးစားခဲ့ရသလို နောက်ပိုင်းမှာလည်း ပြည်သူတွေ အားကိုးရတဲ့ ပါတီအဖြစ် ဆက်ရှိနေဖို့ ပါတီဝင်တွေက ကြိုးစားဖို့လိုကြောင်း ပါတီခေါင်းဆောင်တွေက တိုက်တွန်းလိုက်ပါတယ်။

NLD ပါတီ ဒုဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင်ကို ၂၀၁၈၊ စက်တင်ဘာ ၂၆ ရက်နေ့က မန္တလေးမြို့မှာ ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှစ် (၃၀) ပြည့်အခမ်းအနားမှာ တွေ့ရစဉ် Photo: Khaymani Win/ RFA

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ စတင်တည်ထောင်ချိန်ကစပြီး နှစ်ပေါင်း ၃၀ ကြာတဲ့အထိ ဖိနှိပ်မှုတွေ ကြားထဲကနေ ပြည်သူတွေ အားကိုးရတဲ့ ပါတီဖြစ်အောင် ကြိုးစားခဲ့ရသလို နောက်ပိုင်းမှာလည်း ပြည်သူတွေ အားကိုးရတဲ့ ပါတီအဖြစ် ဆက်ရှိနေဖို့ ပါတီဝင်တွေက ကြိုးစားဖို့လိုကြောင်း ပါတီခေါင်းဆောင်တွေက တိုက်တွန်းလိုက်ပါတယ်။

မန္တလေးမြို့ ၂၆ ဘီလမ်းက ပဒုမ္မာခန်းမမှာ ဒီနေ့ မနက်က ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ တည်ထောင်ခြင်း နှစ် ၃၀ ပြည့်အခမ်းအနားမှာ မန္တလေးတိုင်းဝန်ကြီးချုပ်လည်းဖြစ် ပါတီရဲ့ ဒုဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဒီနေ့ကျင်းပတဲ့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာလည်း ယခင် မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဟောင်းက ရရှိမယ့် အကြွေး ကျပ်ငွေသန်းပေါင်း သုံးထောင်ထဲက ပထမအရစ်အနေနဲ့ သန်း ၅၀၀ ကို စက်တင်ဘာလ ၅ ရက်နေ့က ပြန်လည်ရရှိပြီဖြစ်ကြောင်းလည်း ဒေါက်တာ ဇော်မြင့်မောင်က သတင်းထောက်တွေ ကို ပြောခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့က စတင် တည်ထောင်ခဲ့တာ ဖြစ်ပြီး မနက်ဖြန်မှာဆိုရင် ပါတီ တည်ထောင်တဲ့ နှစ် ၃၀ ပြည့်မြောက်မယ့် နေ့လည်းဖြစ်ပါတယ်။

ပါတီတည်ထောင်ခြင်း နှစ်ပတ်လည်အခမ်းအနားတွေကို မနက်ဖြန်မှာ NLD ပါတီ ရုံးချုပ် အပါအဝင် နိုင်ငံအနှံ့မှာရှိတဲ့ ပါတီရုံးခန်းတွေမှာ ကျင်းပဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org