ပါတီဝင်ဟောင်းတစ်ချို့ကို အဖွဲ့ဝင်အဖြစ် လက်မခံကြောင်း NLD ညီလာခံမှ ဆုံးဖြတ်


2013.03.09
nld-member-vote-305.jpg အခြားပါတီမှ နှုတ်ထွက်ပြီး NLD အဖွဲ့ဝင်အဖြစ် ပြန်လည်လျှောက်ထားလာသူများအား လက်ခံရန်သင့်မသင့် မတ်လ ၉ ရက်နေ့က မဲခွဲဆုံးဖြတ်နေပုံ
photo: NLD Facebook

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နှုတ်ထွက်သွားတဲ့ ပါတီဝင်ဟောင်းတစ်ချို့ကို လက်မခံနိုင်ကြောင်း ဆုံးဖြတ်ချက်ချခဲ့တယ်လို့ မတ်လ ၉ ရက်နေ့ ဒီကနေ့ ညနေမှာကျင်းပတဲ့ အန်အယ်လ်ဒီပါတီ ညီလာခံ သတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောလိုက်ပါတယ်။

အန်အယ်လ်ဒီပါတီဝင်ဟောင်းတွေဖြစ် တဲ့ ဒေါက်တာသန်းဝင်း၊ ဦးကြည်မြင့်၊ ဦးတင်အောင်အောင်၊ ဦးမြင့်သွင်တို့ကို ပါတီဝင်အဖြစ် ပြန်လည်လက်မခံနိုင်ကြောင်း ညီလာခံတက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက ဆုံးဖြတ်ခဲ့တယ်လို့ ညီလာခံကျင်းပရေးကော်မရှင် အတွင်းရေးမှူး ဦးဉာဏ်ဝင်းက RFA ကို ပြောပါတယ်။

နိုင်ငံလုံးဆိုင်ရာ ဗဟိုညီလာခံတက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေရဲ့ အဆုံးအဖြတ်ကို ရယူရာမှာ ပါတီဝင်အဖြစ် ပြန်လည်ဝင်ရောက်ခွင့်ပြုဖို့ ရှိ၊ မရှိ မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံသူ ၃၁၉ ဦး၊ ကန့်ကွက်သူ ၄၆၂ ဦးရှိတာကြောင့် လက်မခံကြောင်း ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီဟာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်ခဲ့တာကြောင့် ပါတီဝင်ဟောင်းတွေဖြစ်တဲ့ ဦးကြည်မြင့်၊ ဒေါက်တာသန်းဝင်း၊ ဦးတင်အောင်အောင်၊ ဦးမြင့်သွင်တို့ဟာ ပါတီကနေနှုတ်ထွက်သွားခဲ့ပြီး အမျိုးသားဒီမိုကရေစီအင်အားစုပါတီကို ဝင်ရောက်ခဲ့ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံတင်ခဲ့ရာမှာ လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေဖြစ်တဲ့ မြောက်ဥက္ကလာပမြို့နယ်က ဒေါက်တာသန်းဝင်း၊ လသာမြို့နယ်က ဦးကြည်မြင့်၊ မန္တလေးတိုင်းဒေသကြီးက ဦးတင်အောင်အောင်နဲ့ ဦးမြင့်သွင်တို့ဟာ ပါတီဝင်အဖြစ် ဝင်ရောက်လိုကြောင်း လျှောက်လွှာတင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။