အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံစတင်


2013.03.08
nld_congress_305.jpg ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တော်ဝင်နှင်းဆီတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာညီလာခံကို မတ်လ ၈ ရက်နေ့တွင် ကျင်းပခဲ့ရာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြည်နယ်/တိုင်း အလိုက် ရွေးချယ်ခံရသော ဗဟိုကော်မတီဝင်များစာရင်း ကို ကြေငြာခဲ့စဉ်
photo: NLD Congress Facebook

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာညီလာခံကို မတ်လ ၈ ရက် ဒီကနေ့မနက်ပိုင်းက ရန်ကုန်မြို့ ရွှေဂုံတိုင်မှာရှိတဲ့ တော်ဝင်နှင်းဆီခန်းမမှာ စတင်ကျင်းပခဲ့ပါတယ်။

ဒီကနေ့စတင်တဲ့ ညီလာခံကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဦးဆောင်မယ့် ဗဟိုကော်မတီ ၁၂၀ နဲ့ အရန်ကော်မတီ ၃၀ ကို ရွေးချယ်သွားမှာ ဖြစ်တယ်လို့ ပါတီပြောခွင့်ရသူ ဦးအုန်းကြိုင်က RFA ကို ပြောပါတယ်။

ညီလာခံကို မတ်လ ၈ ရက် ဒီကနေ့ကနေ မတ်လ ၁၀ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပမှာဖြစ်ပြီး တိုင်း၊ ပြည်နယ်၊ ခရိုင်တွေက ကိုယ်စားလှယ် စုစုပေါင်း ၉၀၀ခန့် တက်ရောက်နေတာလို့ သိရပါတယ်။

ပါတီဦးဆောင်မှုရွေးချယ်ပွဲကို မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းလမ်းအကျဆုံး ပါတီကြီးဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ သဘာပတိအဖွဲ့နာယက ဦးတင်ဦးက ဒီကနေ့ အခမ်းအနား ဖွင့်ပွဲမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

ဒီညီလာခံကနေ ရွေးချယ်လိုက်တဲ့ ပါတီခေါင်းဆောင်တွေဟာ လာမယ့် ၂၀၁၅ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ထောက်ခံမှုတွေပိုရလာအောင် ကြိုးပမ်းသွားကြရမယ်လို့လည်း သဘာပတိအဖွဲ့ နာယက ဦးတင်ဦးက ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။