အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံ ဆက်လက်ကျင်းပ


2013.03.09
dassk_nld_congress_305 အမျိုးသားဒီမိုကရေစီအအဖွဲ့ချုပ်ရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံ ဒုတိယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားနေစဉ်
photo: RFA/ NLD Congress Facebook

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌနှင့်တကွ ခေါင်းဆောင်ရွေးပွဲများကို ဒီကနေ့ပြုလုပ်မယ့် ပါတီညီလာခံမှာ ဆက်လက်ပြုလုပ်သွားမယ်လို့ NLD ပါတီ ပြောခွင့်ရ ဦးဉာဏ်ဝင်းက ပြောပါတယ်။

ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမမှာ ဒီကနေ့ ဆက်လက်ပြုလုပ်မယ့် အစီအစဉ်များနဲ့ ပတ်သက်ပြီး ဦးဉာဏ်ဝင်းက ပြောဆိုတာပါ။

“ကျနော်တို့ ဗဟိုကော်မတီဝင်ရွေးတာ မနေ့က ၁ဝဝ၊ ဒီနေ့ နောက်ထပ် ၅ဝ ထပ်ရွေးမယ်၊ ရွေးပွဲတွေလုပ်မယ်၊ နောက်ပြီးတော့ ရှေ့လုပ်ငန်းစဉ်တွေ တင်ပြမယ်၊ အဖွဲ့ချုပ် စည်းမျဉ်းစည်းကမ်းတွေ တင်ပြမယ်”

ရွေးချယ်မယ့် ဗဟိုကော်မတီဝင် စုစုပေါင်း ၁၅ဝမှာ အရန်ဗဟိုကော်မတီဝင် ၃၀ပါဝင်မှာ ဖြစ်ပါတယ်။ အလားတူ အဖွဲ့ချုပ်ဥက္ကဌနှင့်တကွ၊ အဖွဲ့ချုပ်နာယကတွေကိုလည်း ဒီကနေ့ ဆက်ပြီး ရွေးချယ်သွားဖို့ရှိတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

မနေ့က စတင်ကျင်းပတဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံမှာ မြန်မာတနိုင်ငံလုံးက NLD ကိုယ်စားလှယ် ၉ဝဝခန့် တက်ရောက်နေတာဖြစ်ပြီး မတ်လ ၁၀ရက်နေ့အထိ သုံးရက်ကြာ ကျင်းပသွားမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။