NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ NLD ကိုယ်စား လှယ်တွေ တေ့ွဆုံ

အစိုးရအကောင်အထည်ဖော်နေတဲ့ လုပ်ငန်းတွေမှာ လွှတ်တော်အပိုင်းက ပံ့ပိုးကူညီကြဖို့ အန်အယ်လ်ဒီပါတီ လွှတ်တော်ကိုယ်စား လှယ်တွေကို ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေက တိုက်တွန်းလိုက်ပါတယ်။

NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေနဲ့ NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ နေပြည်တော် လွှတ်တော်ဝင်းအတွင်း က ဇမ္ဗူသီရိခန်းမဆောင်မှာ အောက်တိုဘာလ ၄ ရက်နေ့က တွေ့ဆုံကြစဉ် Photo: Win Naung Toe/RFA

အစိုးရအကောင်အထည်ဖော်နေတဲ့ လုပ်ငန်းတွေမှာ လွှတ်တော်အပိုင်းက ပံ့ပိုးကူညီကြဖို့ အန်အယ်လ်ဒီပါတီ လွှတ်တော်ကိုယ်စားလှယ်တွေကို ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေက တိုက်တွန်းလိုက်ပါတယ်။

အန်အယ်လ်ဒီ ပါတီခေါင်းဆောင်တွေနဲ့ NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်ဝင်းအတွင်းက ဇမ္ဗူသီရိခန်းမဆောင်မှာ ဒီကနေ့ နှစ်နာရီကျော်ကြာ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး ဦးဝင်းထိန် က ပြောတာဖြစ် ပါတယ်။

လွှတ်တော်မှာ မေးခွန်းတွေမေးတဲ့အခါ တိုတိုနဲ့ လိုရင်းရောက်အောင် မေးမြန်းကြဖို့လည်း သတိပေးခဲ့တယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။

ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်လင်း အမှုဖွင့်ခံထားရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဝင်ရောက်စွက်ဖက်မှာ မဟုတ်ကြောင်းနဲ့ တရားဥပဒေအတိုင်းသာ လုပ်ဆောင်မှာဖြစ်ကြောင်း ဦးဝင်းထိန် က ပြောပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်လင်းဟာ ဆဲဆိုမှု၊ ခြိမ်းခြောက်မှုတွေနဲ့ အမှုဖွင့်တိုင်ကြားခံထား ရတာဖြစ်ပါတယ်။

ဒီနေ့ တွေ့ဆုံပွဲကို NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ဦးဝင်းထိန်၊ ဒေါက်တာမေဝင်းမြင့် ၊ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်၊ ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်း နဲ့ NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org