NLD ပါတီ မုံရွာမြို့မှာ မဲဆွယ်စည်းရုံးဟောပြော
ပြည်သူတွေ ခွင့်မလွှတ်နိုင်တဲ့ အမှားမျိုးနဲ့ မမှားသင့်တဲ့ အမှားမျိုးလုပ်မိတဲ့ စစ်ကိုင်း တိုင်းအစိုးရအဖွဲ့ ဝန်ကြီးတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ထိထိရောက်ရောက် အရေးယူသွား မယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဥက္ကဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင် က ကတိပေးပြောကြားခဲ့ပါတယ်။
-
2017-03-26 -
-
-
ပြည်သူတွေ ခွင့်မလွှတ်နိုင်တဲ့ အမှားမျိုးနဲ့ မမှားသင့်တဲ့အမှားမျိုး လုပ်မိတဲ့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ဝန်ကြီးတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင် က ကတိပေးပြောကြား ခဲ့ပါတယ်။
ဒီနေ့ မုံရွာမြို့အားကစားကွင်းမှာ ကျင်းပခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရွေးကောက် ပွဲ အောင်နိုင်ရေးဟောပြောပွဲမှာ ဒေါက်တာမြင့်နိုင် က ပြောခဲ့တာဖြစ်ပါတယ်။
ဟောပြောပွဲမှာ ပါတီနာယက သူရဦးတင်ဦးလည်း တက်ရောက်ဟောပြောခဲ့ပြီး ပွဲအပြီးမှာ NLD ပါတီကိုထောက်ခံကြတဲ့ မုံရွာဒေသခံ တစ်ထောင်ခန့်ဟာ မုံရွာမြို့ကို ယာဉ်တန်းတွေ၊ ဆိုင်ကယ်တွေနဲ့ လှည့်လည်မဲဆွယ်ခဲ့ပါတယ်။
မုံရွာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာမှာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးသန့်စင်မောင် ရွေးကောက် တင်မြှောက်ခံခဲ့ရပြီး သူဟာ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခံရတဲ့အတွက် ကိုယ်စားလှယ် အဖြစ်ကနေ နှုတ်ထွက်ထားရတာဖြစ်ပါတယ်။
ကိုယ်စားလှယ် လစ်လပ်နေတဲ့ မုံရွာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးညွန့်အောင် အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့ဒီမိုကရေစီပါတီ၊ အမျိုးသား တိုးတက်ရေးပါတီနဲ့ တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးပါတီ စတဲ့ ပါတီ ၅ ခု က ကိုယ်စားလှယ် လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။