ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ တွေ့ဆုံဆွေးနွေးချက်တွေကို ပါတီ ထောက်ခံ ကြိုဆို

သမ္မတ ဦးသိန်းစိန်နဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေး သဘောတူခဲ့တာတွေကို NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့က ဒီနေ့သဘောတူ ကြိုဆို ထောက်ခံ လိုက်ပါတယ်။

2011.08.22
nyan_win_nld_court_305_z.jpg ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်း အောက်တိုဘာ ၅ ရက်နေ့က ဗဟိုတရားရုံးချုပ် အပြင်တွင် သတင်းသမားများနှင့် တွေ့ဆုံရှင်းလင်း ပြောကြားနေပုံ ဖြစ်ပါသည်။ NLD ပါတီကို စစ်အစိုးရက ဖျက်သိမ်းကြောင်း ကြေညာသဖြင့် စစ်အစိုးရအား NLD အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က တရားစွဲဆိုခြင်း ဖြစ်သည်။ (Photo: AFP)
(Photo: AFP)

သမ္မတနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်ပြီး NLD အလုပ် အမှုဆောင် အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြန်လည် ရှင်းပြ တင်ပြခဲ့တယ်လို့ သိရပါတယ်။

ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်းကို RFA က ဆက်သွယ်မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်နဲ့ ပြည်သူလူထု အတွက် လက်တွေ့ အကျိုးရှိတဲ့ ကိစ္စရပ်တွေကို ဆွေးနွေး သဘောတူညီချက်တွေ ရခဲ့ကြောင်း၊ သဘောတူညီချက်တွေ အများကြီး ရှိရာမှာ ထင်ရှားတဲ့ ကိစ္စတွေ ကတော့ တိုင်းရင်းသား ကိစ္စ၊ ငြိမ်းချမ်းရေး ကိစ္စ၊ နိုင်ငံရေး ကိစ္စတွေ ပါဝင်ကြောင်း၊ အသေးစိတ်ကိုတော့ ထုတ်ပြန် ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ဖြေကြားခဲ့ ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ အစည်းအဝေးမှာ ဆွေးနွေး ဆုံးဖြတ်ချက် အရ ဆွေးနွေး သဘောတူချက်တွေကို ကြေညာချက် ထုတ်ပြန် ကြိုဆိုတာကို ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ဖတ်ကြားပြပါတယ်။

"နိုင်ငံတော် သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် မတူကွဲပြားသော အမြင်များ ဘေးဖယ်ထားပြီး နိုင်ငံနှင့် ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးရှိစေမည့် ဗဟိုအကျိုးစီးပွါးများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများအား ရင်းနှီး ပွင့်လင်းစွာ ပြုခဲ့ကြောင်း မြန်မာ့ သတင်းစဉ်က ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။ ထိုဆွေးနွေးချက်များကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်အောင်ဆန်းစုကြည်က ဝမ်းမြောက် အားရမှုရှိကြောင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့သို့ ရှင်းလင်း တင်ပြခဲ့ပါသည်။"

ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင် ပြောင်းလဲမှု ဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကိုလည်း ဒီလ ၂၀ ရက်နေ့က တက်ရောက်ခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ဒီဆွေးနွေးပွဲမှာ ဖတ်ကြားတဲ့ စာတမ်းတွေကို ဒေါ်အောင်ဆန်းစုကြည်က စိတ်ဝင်စားပြီး ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံ စကားပြောခဲ့ရတာကို ကျေနပ် ဝမ်းသာတယ်လို့ တဆက်တည်း ရေးထားပါတယ်။

ကြေငြာချက် နိဂုံးမှာတော့ မြန်မာ့ သတင်းစဉ်ပါ ထုတ်ပြန်ချက်ကို လည်းကောင်း၊ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ရှင်းလင်း တင်ပြချက်ကို လည်းကောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့က သဘောတူ ကြိုဆိုထောက်ခံတဲ့ အကြောင်းလည်း ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်မှာ ရှိတဲ့ သမ္မတ အိမ်တော်က သမ္မတ ရုံးခန်းမှာ သမ္မတ ဦးသိန်းစိန်နဲ့ ဒီလ ၁၉ ရက် ညနေပိုင်းမှာ ပထမဆုံး အကြိမ် တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲအပေါ် ပါတီက ထောက်ခံခဲ့တာတွေနဲ့ ပတ်သက်ပြီး ပြောခွင့်ရသူ ဦးဉာဏ်ဝင်းကို RFA က ကိုဇော်မိုးကျော် ဆက်သွယ် မေးမြန်းထားတာကိုလည်း တဆက်ထဲ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-08-22 18:46

ur press release is very indefinite & NOT transparent;
ur press release is very much diplomatic(redTaped) ;
sounds very much န၀တ/နအဖ။
when & how soon will the political prisoners be released?
(immediate & uncoditional release expected)
how soon and how many troops will be called back?
(details of plan expected)
sincerely yours,
hla myint.