အန်အယ်လ်ဒီပါတီ ရပ်တည်ရေး ကုလသမဂ္ဂ တင်ပြမယ်
2011.07.14

UN Photo/Jean-Marc FERRE
"သြဂုတ်လဆန်းလောက် နောက်ဆုံးပါဘဲ။ ကျနော်တို့ တင်ဖြစ်မှာပါ။ လူ့အခွင့်အရေး ကောင်စီရဲ့ လုပ်ထုံးလုပ်နည်းများ အရ ပြည်တွင်းမှာ လမ်းဆုံးလို့ ရှိရင် အဲဒီမှာ သက်သာခွင့် လျှောက်ထားခွင့် ရှိတယ်ပေါ့ဗျာ။ အဲဒါကို တင်ဖို့ပါ။"
ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို တင်ပြဖို့ လိုအပ်တဲ့ ဥပဒေ ရေးရာ ကိစ္စတွေကို ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေတွေ ဖြစ်ကြတဲ့ ဦးဉာဏ်ဝင်း၊ ဦးကြည်ဝင်းတို့ မနေ့က အသေးစိတ် ဆွေးနွေး တိုင်ပင်ခဲ့ကြ ပါတယ်။
အန်အယ်လ်ဒီ ပါတီ တရားဝင် ရပ်တည်ရေးကိစ္စကို ပါတီဘက်က ဥပဒေကြောင်း အရ ဗဟိုတရား ရုံးချုပ်မှာ အစိုးရကို တရားစွဲဆို ခဲ့ပေမယ့် နောက်ဆုံး အထူး အယူခံ အဆင့် အထိ ပယ်ချခံရတာကြောင့် ပြည်တွင်းမှာ ကြိုးပမ်း ဆောင်ရွက်ဖို့ လမ်းဆုံးသွားပြီ ဖြစ်တဲ့ အတွက် အခုလို ကုလသမဂ္ဂကို တင်ပြမှာ ဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
ဒါ့အပြင် အန်အယ်လ်ဒီကို ပါတီသစ် အဖြစ် မှတ်ပုံတင်ရေး ကိစ္စ အပါအဝင် အစိုးရနဲ့ အန်အယ်ဒီ အကြား မတူညီတဲ့ ဥပဒေ အမြင်တွေကို ညှိနှိုင်း ဆောင်ရွက်သွားဖို့ ဆန္ဒရှိကြောင်း မကြာသေးခင်က ပြည်ထဲရေး ဝန်ကြီး ဌာနကို အန်အယ်လ်ဒီက စာတစ်စောင် ပေးပို့ခဲ့ ပါတယ်။
အန်အယ်လ်ဒီ ပါတီ ရပ်တည်ရေး ကိစ္စ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို တင်ပြမည့် အကြောင်းနဲ့ ပတ်သက်လို့ ပါတီရဲ့ ရှေ့နေ ဦးဉာဏ်ဝင်းကို RFA ကို အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်း ထားတာ နားဆင်နိုင် ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |