သာကေတ ညသပိတ်မှာပါဝင်သူတွေ ဖမ်းဆီးပစ်ခတ်ဖြိုခွဲခံရ
2021.03.12
ရန်ကုန်တိုင်း သာကေတမြို့နယ်မှာ မတ်လ ၁၂ ရက် ညလယ်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တဲ့အတွက် သေကြေဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ မျက်မြင်ကြုံခဲ့တဲ့ ပြည်သူတစ်ဦးက RFA ကို ပြောပါတယ်။
ညသပိတ်မှောက်တဲ့ထဲက လူငယ်သုံးယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတာကြောင့် သူတို့ကိုပြန်ထုတ်ပေးဖို့ မြို့နယ်တွင်းက လူရာပေါင်းများစွာက သာကေတအမှတ် ၁ ရဲစခန်းရှေ့မှာ စုရုံးပြီးတောင်းဆိုကြပါတယ်။
အဲဒီလိုတောင်းဆိုနေစဉ် မြင်တော်သာလမ်းမပေါ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်က စတင်ပစ်ခတ်ခဲ့လို့ လူအချို့ ကျည်ဆန်ထိမှန်ပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့သလို၊ သေဆုံးတာလည်း ရှိတယ်လို့ ကြားသိရကြောင်း သူကပြောပါတယ်။
ပစ်ခတ်မှုကြောင့် လူစုကွဲသွားတဲ့အတွက် သေဆုံးဒဏ်ရာရသူ အရေအတွက်ကို လက်ရှိအချိန်ထိ အတည်မပြုနိုင်သေးပါဘူး။