ဦးလွန်းမောင်ကို စာရင်းစစ်ချုပ်အဖြစ် လွှတ်တော်မှာ အမည်တင်သွင်း

ဒီကနေ့ လွှတ်တော်မှာ သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု စာရင်းစစ်ချုပ် အမည် တင်သွင်းခဲ့ပြီး ရှေ့နေချုပ် အမည် တင်သွင်းထားတာကို လွှတ်တော်အမတ်တွေက အတည်ပြုပေး လိုက်တယ်လို့ သိရပါတယ်။

နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံသစ်တွင် ဇန်နဝါရီ ၃၁ ရက်နေ့က အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် နှစ်ရပ်ပေါင်း ကျင်းပသော ပထမဆုံး လွှတ်တော် အစည်းအဝေးကို MRTV 4 ရုပ်မြင်သံကြားမှ ထုတ်လွှင့် ပြသနေပုံ Photo: AFP/MRTV 4

ပြည်ထောင်စု စာရင်းစစ်ချုပ်အဖြစ် ဦးလွန်းမောင်ကို ခန့်အပ်ဖို့ သမ္မတက တင်သွင်းခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ သောကြာနေ့က ပြည်ထောင်စု ရှေ့နေချုပ်အဖြစ် အမည်စာရင်း တင်သွင်းထားတဲ့ ဒေါက်တာထွန်းရှင်ကို လွှတ်တော်က ဒီကနေ့ အတည်ပြုပေး လိုက်ပါတယ်။

ဦးလွန်းမောင်ကို စာရင်းစစ်ချုပ်အဖြစ် အမည်စာရင်းတင်သွင်းတာကို ကန့်ကွက်လိုက ကန့်ကွက်နိုင်ပြီး ကန့်ကွက်သူ မရှိရင် မနက်ဖြန် လွှတ်တော်မှာ အတည်ပြုသွားမှာ ဖြစ်ပါတယ်။ မနက်ဖြန် လွှတ်တော်ကို ၁၁ နာရီမှာ ပြန်လည် ခေါ်ယူထားတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org