ဘဏ္ဍာငွေ ရသုံးဆိုင်ရာ ဘတ်ဂျက်ဥပဒေ လျှို့ဝှက်ပြဌာန်း

အစိုးရအဖွဲ့သစ် ဝန်ကြီးဌာန ၃၃ ခုအတွက် ၂ဝ၁၁-၂ဝ၁၂ ခုနှစ် နိုင်ငံ့ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဆိုင်ရာ ဥပဒေသစ်ကို စစ်အစိုးရက လျှို့ဝှက်ပြဌာန်းလိုက်ပြီလို့ နေပြည်တော် ဝန်ကြီးတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပြီးနောက် အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် နှစ်ရပ်ပေါင်း ကျင်းပသော ပထမဆုံး လွှတ်တော် အစည်းအဝေးကို နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံသစ်တွင် ဇန်နဝါရီ ၃၁ ရက်နေ့က ပြုလုပ်နေသည်ကို MRTV 4 ရုပ်မြင်သံကြားမှ ထုတ်လွှင့် ပြသနေပုံ ဖြစ်ပါသည်။ (Photo: AFP/MRTV 4) (Photo: AFP/MRTV 4)

ဒီဥပဒေကို စစ်အစိုးရရဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၄၄၃) အရ ဇန်နဝါရီလ ၂၇ ရက် နေ့စွဲနဲ့ ထုတ်ပြန်လိုက်တာ ဖြစ်ပြီး အခုနှစ် ဧပြီလ ၁ ရက်နေ့မှာ စတင် အသက်ဝင်မယ်လို့ သိရပါတယ်။ အခုလို နိုင်ငံအတွက် အရေးကြီးတဲ့ ဥပဒေတွေကို အများပြည်သူတွေကို အသိမပေးဘဲ စစ်အစိုးရက လျှို့ဝှက် ထုတ်ပြန်နေတဲ့အတွက် ဝေဖန်မှုတွေ ရှိနေပါတယ်။

ရန်ကုန်မြို့က ဥပဒေအကြံပေး ဦးအောင်သိန်းက အခုလို ပြောဆိုပါတယ်။

“သတင်းစာမှာ အကျယ်တဝင့် ဖော်ပြ မထားတဲ့အတွက် သူတို့ ဘယ်လောက်သုံးလို့ ဘယ်လောက်အထိ ကုန်ကျတယ်၊ ဘယ်လောက်အထိ လျာထားငွေ ရှိတယ်ဆိုတာ ကျနော်တို့ သိဖို့ ခက်တယ်ပေါ့။ ပြည်သူတယောက် အနေနဲ့တော့ အစိုးရတရပ်ရဲ့ ရသုံး ခန့်မှန်းခြေ ငွေစာရင်းဆိုတာကို အကြမ်းဖျင်းလောက်တော့ သိဖို့အတွက် အများပြည်သူဆိုင်ရာ သတင်းစာတွေမှာ ထုတ်ပြန်သင့်တယ်လို့ ယူဆပါတယ်”

အခု လျှို့ဝှက် ပြဋ္ဌာန်းလိုက်တယ်ဆိုတဲ့ ဘက်ဂျက်ဥပဒေထဲမှာ ကျန်းမာရေး၊ ပညာရေး၊ ကာကွယ်ရေး အသုံးစရိတ်တွေ ဘယ်လောက် ခွဲဝေ ပြဋ္ဌာန်းထားတယ်ဆိုတာ လောလောဆယ် မသိရသေးပါဘူး။

အခုလို စစ်အစိုးရက နိုင်ငံ ရသုံးငွေဆိုင်ရာ ဥပဒေ ပြဌာန်းလိုက်တာနဲ့ ပတ်သက်လို့ ရန်ကုန်မြို့က ဥပဒေပညာရှင် ဦးအောင်သိန်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org