လွှတ်တော်သစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စတင်ခေါ်ယူမည်

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ တက်ရောက်ရမယ့် ဒုတိယ အကြိမ် လွှတ်တော်အသစ်ကို လာမယ့် ဖေဖော်ဝါရီ လ ၁ ရက်နေ့မှာ စတင်ခေါ်ယူမှာဖြစ်ကြောင်း ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဌတို့က ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ်

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ရမယ့် ဒုတိယအကြိမ် လွှတ်တော်အသစ်ကို လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင်ခေါ်ယူမှာဖြစ်ကြောင်း ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဌတို့က ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

လက်ရှိ လွှတ်တော်ဥက္ကဌတွေက ဒုတိယအကြိမ် လွှတ်တော်အသစ်ကို ခေါ်ယူပေးပြီး လွှတ်တော်ဥက္ကဌ အသစ်တွေ ရွေးချယ်ပေးရမှာဖြစ်တယ်လို့ ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ပြောပါတယ်။

"ပထမအကြိမ် လွှတ်တော်သက်တမ်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဥက္ကဌတွေ ဒုတိယအကြိမ် လွှတ်တော် ကို ခေါ်ယူပေးဖို့နဲ့ လွှတ်တော်ဥက္ကဌ၊ ဒုဥက္ကဌများ ရွေးချယ်တင်မြှောက်ပေးဖို့ တာဝန်ပဲ သူ့မှာရှိတော့တယ်၊ ဒီလိုပဲ ဒုတိယအကြိမ်မှာ တာဝန်ထမ်းဆောင်မယ့် ဥက္ကဌတွေဆိုရင်လည်း တတိယအကြိမ် လွှတ်တော်သက်တမ်း ကို ခေါ်ယူပေးမယ်၊ တတိယအကြိမ် လွှတ်တော်ဥက္ကဌ၊ ဒုဥက္ကဌတွေ ရွေးချယ်တဲ့နေရာမှာ ကြီးကြပ်ဆောင်ရွက်ဖို့ တာဝန်ရှိမယ်"

လက်ရှိ လွှတ်တော်သက်တမ်းဟာ လာမယ့် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမှာဖြစ်တဲ့အတွက် လက်ရှိ လွှတ်တော်အစည်းအဝေးတွေကို ၂၉ရက်နေ့မှာ နောက်ဆုံးကျင်းပမှာ ဖြစ်ပါတယ်။

လွှတ်တော်အသစ်ကို တက်ရောက်မယ့် လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လာမယ့် ဇန်နဝါရီလ ၂၆ ရက်နေ့ နောက်ဆုံးထားပြီး လွှတ်တော်ရုံးကို သတင်းပေးပို့ရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၈၈၆ ဦး အနိုင်ရရှိထားပြီး အဲဒီထဲမှာ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်က ၄၀၀ နီးပါး ပါဝင်ပါတယ်။  ကြံ့ခိုင်ဖံ့ွဖြိုးရေး ပါတီက လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၁၇ ဦး အနိုင်ရရှိထားပြီး အဲ့ဒီထဲမှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၄၀ ကျော် အနိုင်ရရှိထားတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org