ရွေးကောက်ပွဲလှုပ်ရှားမှု စွပ်စွဲချက်များ NDF ငြင်းဆို

နယ်က NDF ပါတီဝင်တွေ မဲဆွယ်စည်းရုံးရာမှာ NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံနဲ့ မိန့်ခွန်းတွေ၊ ခမောက်တံဆိပ် အပါအဝင် NLD ပါတီရဲ့ နာမည်နဲ့ အမှတ်အသားတွေကို အသုံးပြုနေတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ သက်သေ အထောက်အထား အခိုင်အလုံ မတွေ့သေးကြောင်း ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအင်အားစု NDF ပဲခူးတိုင်းဒေသကြီး ပါတီ ရုံးခွဲဖွင့်ပွဲတွင် အောက်တိုဘာ ၇ ရက်နေ့က ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ မိန့်ခွန်းပြောကြားနေပုံ ဖြစ်ပါသည်။
အမျိုးသားဒီမိုကရေစီအင်အားစု NDF ပဲခူးတိုင်းဒေသကြီး ပါတီ ရုံးခွဲဖွင့်ပွဲတွင် အောက်တိုဘာ ၇ ရက်နေ့က ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ မိန့်ခွန်းပြောကြားနေပုံ ဖြစ်ပါသည်။ ((Photo: AFP))

0:00 / 0:00

NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်ဟောင်းတွေ ဦးစီးတဲ့ NDF အမျိုးသား ဒီမိုကရေစီအင်အားစု အနေနဲ့ ပြည်သူတွေကြား ထင်ယောင်ထင်မှား လိမ်ညာလှည့်ဖြားပြီး မဲဆွယ်စည်းရုံးဖို့ ညွှန်ကြားထားတာ မရှိကြောင်း၊ ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး မျှတမှန်ကန်မှု ရှိမယ်ဆိုရင် NDF ပါတီ ဝင်ရောက် ယှဉ်ပြိုင်မဲ့ မဲဆန္ဒနယ် ၁၄၀ ကျော်မှာ ၈၀ ရာနှုန်းလောက် အနိုင်ရနိုင်ကြောင်း ဦးခင်မောင်ဆွေက ပြောပါတယ်။

NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

အသံဖိုင်ယူရန်