ပြည်သူ့လွှတ်တော် ဖွဲ့စည်းရာမှာ မိမိတို့ဆန္ဒမပါဟု ညွန့်ပေါင်းအစိုးရ ငြင်းဆို

ကရင်နီပြည်နယ်အတွင်း ထိုင်းနယ်စပ်အနီး တနေရာမှာ သောကြာနေ့ညပိုင်းက ကရင်၊ ကရင်နီ နဲ့ မွန် တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ ရွေးချယ်တင်မြောက် ခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ် တချို့ ဆွေးနွေးကြပြီး ပြည်သူ့လွှတ်တော်တရပ် ဖွဲ့စည်းလိုက်တယ် ဆိုတဲ့ ကိစ္စအပေါ် အမေရိကန်အခြေစိုက် NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းက သူတို့အနေနဲ့ သဘောတူ ထောက်ခံခဲ့တာ မဟုတ်ကြောင်း တုန့်ပြန် ငြင်းဆိုလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ဒီစီမြို့တော်တွင် ပြုလုပ်သည့် ဆန္ဒပြပွဲတခုတွင် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း မိန့်ခွန်း ပြောကြားနေစဉ်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ဒီစီမြို့တော်တွင် ပြုလုပ်သည့် ဆန္ဒပြပွဲတခုတွင် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း မိန့်ခွန်း ပြောကြားနေစဉ်။ (RFA)

0:00 / 0:00

အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး ညွန့်ပေါင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းကို အာအက်ဖ်အေ ဝိုင်းတော်သား ဦးခင်မောင်ညိန်းက ဆက်သွယ် မေးမြန်းထားပါတယ်။