ထိုင်း ထိပ်တန်းဆောက်လုပ်ရေး ကုမ္ပဏီ မြန်မာနိုင်ငံမှာ ဝင်ရောက်လုပ်ကိုင်မည်

ထိုင်းနိုင်ငံရဲ့ အကြီးဆုံးဆောက်လုပ်ရေး ကုမ္ပဏီ ၅ ခုထဲမှာ ပါဝင်တဲ့ နဝရတ် ပတ်တနာခန်း Nawarat Patanakarn ကုမ္ပဏီဟာ အခုနှစ်အတွင်း မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံတော့ မယ်လို့ ပြောကြားလိုက်ပါတယ်။

ထိုင်းနိုင်ငံရဲ့ အကြီးဆုံးဆောက်လုပ်ရေးကုမ္ပဏီ ၅ ခုထဲမှာ ပါဝင်တဲ့ နဝရတ်ပတ်တနာခန်း Nawarat Patanakarn ကုမ္ပဏီဟာ အခုနှစ်အတွင်း မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံတော့မယ်လို့ ပြောကြားလိုက်ပါတယ်။

ကုမ္ပဏီအနေနဲ့ အာဆီယံဒေသတွင်းနိုင်ငံတွေမှာ ဘတ်ငွေ သန်း ၅၀၀ ကျော် ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေပြီး ၊ မြန်မာနိုင်ငံမှာတော့ ပြည်တွင်းကုမ္ပဏီတစ်ခုနဲ့ လက်တွဲပြီး ကွန်ကရစ် သွန်းလောင်းတဲ့လုပ်ငန်းနဲ့ အခြေခံအဆောက်အဦး တည်ဆောက်ရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းမှာပါ ဝင်ရောက်လုပ်ကိုင်နိုင်ဖို့ ဖြစ်နိုင်ခြေ အသေးစိတ်လေ့လာ မှုတွေလုပ်နေတယ်လို့ ကုမ္ပဏီဥက္ကဌ Polpat Karnasuta က မနေ့က ပြောကြားလိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org