အပစ်ရပ်စာချုပ်အတွက် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်း

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA စာချုပ်မူချော အပြီးသတ်ရေး ဆွဲနိုင်ရေးအတွက် အဖွဲ့ဝင် ၁၅ ဦးပါတဲ့ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖဲ့ွကို ကရင်ပြည်နယ် လော်ခီးလာညီလာခံ ကနေ မနေ့က ဖဲ့ွစည်းလိုက်ပါတယ်။

ကရင်အမျိုးသား အစည်းအရုံး KNU ဒုဥက္ကဌ နော်စီဖိုးရာစိန်ပုံ photo: Kyaw Zaw Win/RFA

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA စာချုပ်မူချော အပြီးသတ်ရေးဆွဲနိုင်ရေးအတွက် အဖွဲ့ဝင် ၁၅ ဦးပါတဲ့ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖဲ့ွကို ကရင်ပြည်နယ် လော်ခီးလာညီလာခံကနေ မနေ့က ဖဲ့ွစည်းလိုက်ပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ တိုင်းရင်းသားအားလုံး သဘောတူညီနိုင်မယ့်အချက်တွေ ကို ပြုပြင်ရေးဆွဲနိုင်ဖို့အတွက် ဖဲ့ွစည်းလိုက်တာဖြစ်ကြောင်း အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူလိုက်တဲ့ KNU ကရင်အမျိုးသားအစည်းအရုံး ဒုတိယ ဥက္ကဌ နော်စီဖိုးရာစိန်က ပြောပါတယ်။

"အဖွဲ့ဖွဲ့လိုက်တာကတော့ ထိပ်သီးအစည်းအဝေးမှာ NCA မူကြမ်းအပေါ်မှာ အချက်အလက်တွေ ပြန်လည်ပြင် ဆင် ဖြည့်စွက်တဲ့ဟာတွေရှိတယ်၊ အဲ့ဖြည့်စွက်တဲ့အပေါ်မှာ ဆက်ပြီးတေ့ာညှိနှိုင်းဖို့အတွက် ကျမတို့ဆောင် ရွက်တာ"

အခုဖွဲ့စည်းလိုက်တဲ့အဖွဲ့ဟာ အရင်ရှိပြီးသား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်ရေးအဖွဲ့ NCCT ရဲ့ လုပ်ငန်းတွေကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်လက်မှတ်ရေး ထိုးနိုင်ဖို့အတွက် လော်ခီးလာညီလာခံက ဆုံးဖြတ်ထားပါတယ်။

အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖဲ့ွ ခေါင်းဆောင်ဖြစ်သူ KNU ကရင်အမျိုးသား အစည်းအရုံး ဒုတိယဥက္ကဌ နော်စီဖိုးရာစိန်ကို RFAသတင်းထောက် မစန်းမော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

တဆက်တည်း မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်းအကြံပေးအရာရှိ ဦးလှမောင်ရွှေကို RFA သတင်းထောက် ကိုသီဟထွန်း ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org