နတ်မောက်မှာ မြေကွက်ရောင်းစားတဲ့ အုပ်ချုပ်ရေးမှူးကို ဆန္ဒပြ
2014.05.31
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ ရန်အောင်မြင်ရပ်ကွက် ဒေသခံတွေက စာသင်ကျောင်းဆောက်ဖို့ဆိုပြီး သတ်မှတ်ထားတဲ့ မြေနေရာတွေထဲက ၂ ဧကလောက်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးက မြေကွက်တွေရိုက် ပြီးပြန်ရောင်းစားနေတာကြောင့် ဒေသခံ ၁၀၀ ကျော်လောက် ဒီနေ့ဆန္ဒပြခဲ့ကြပါတယ်။
အဲဒီမြေနေရာကွက်နေရာကို မရောင်းဖို့ တောင်းဆိုဆန္ဒပြကြသူတွေထဲက နတ်မောက်မြို့ဒေသခံ ကိုဇော်မင်းထိုက်က ပြောပါတယ်။
"ကျောင်းလျာထာမြေကွက်များကို ကျောင်းကော်မတီဝင်တွေနဲ့ ရပ်မိရပ်ဖများက အကြိမ်ကြိမ် ကန့်ကွက်ခဲ့တာတွေရှိခဲ့တယ်လေ၊ ၂ဝဝ၇ ခုနှစ်နောက်ပိုင်းမှာ ရယကဥက္ကဌ ဦးမြင့်မောင်၊ အတွင်းရေးမှူး မောင်ဝင်းလှိုင်တို့မှ မရယဥက္ကဌ ခွင့်ပြုချက်ဆိုပြီးတော့ ၈၃ ဝိုင်းရိုက်မယ်လို့ ပြောပြီးတော့ အမှန်တကယ်က ဝိုင်းပေါင်း ၂၄၇ ဝိုင်းကို ရောင်းစားပစ်လိုက်လို့ ဒီဆန္ဒထုတ်ဖော်ပွဲကို ပြုလုပ်ရခြင်းဖြစ်တယ်"
၁၉၉၀ ခုနှစ်မှာ ရန်အောင်မြင်ရပ်ကွက် ကျောင်းကော်မတီက ကျောင်းဆောက်ဖို့အတွက် ရပ်ကွက်ထဲမှာ အလှူခံခဲ့တဲ့မြေ ၂ ဧကကျော်နဲ့ စေတနာရှင်တွေက ၁ ဧကကျော် ပါဝင်လှူဒါန်းခဲ့တဲ့အတွက် စုစုပေါင်း ၃ ဧက အကျယ်ရှိပါတယ်။
အဲဒီမြေနေရာမှာ ကျောင်းဆောက်လုပ်ဖို့အတွက်ဆိုပြီး အထက်အာဏာပိုင်အဆင့်ဆင့်ကို ခွင့်ပြုမိန့်တင်ပြထားပေမယ့် အခုအချိန်ထိ ခွင့်ပြုမိန့်ပြန်မကျသေးဘူးလို့လည်း သိရပါတယ်။