တိုင်းရင်းသားလွှတ်တော် အမတ်များကို ငြိမ်းချမ်းရေးလုပ်ငန်း ရှင်းပြ

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ပဋိပက္ခတွေဖြစ် ပွားနေတဲ့ တိုင်းရင်းသားဒေသတွေက လွှတ်တော်ကိုယ်စား လှယ်တွေဟာ ဒီနေ့ နေပြည်တော် ရွှေဧည့်သည်ဟိုတယ်မှာ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့  ပဋိပက္ခတွေဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေက လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဒီနေ့ နေပြည်တော် ရွှေဧည့်သည်ဟိုတယ်မှာ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက် ပြီး တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အပစ်ခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ လွှတ်တော်ရဲ့ အခန်းကဏ္ဍက ပါဝင်လာမှာဖြစ်တဲ့အတွက် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တွေကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရှင်းပြတာဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာက နည်းပညာအကြံပေး ဦးလှမောင်ရွှေက ပြောပါတယ်။

ဆွေးနွေးပွဲ တက်ရောက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ရှမ်းနဲ့ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကို မေးမြန်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ ဆွေးနွေးပွဲကို ရှမ်း၊ ချင်း ၊ ကချင်၊ ကယား၊ ကရင် စတဲ့ ပြည်နယ်တွေက တိုင်းရင်းသားကိုယ်စားလှယ်တွေ ၄၀ လောက် တက်ရောက်ခဲ့ပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုကို  RFA သတင်းထောက်မဇင်မာဝင်း ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org